နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စိန့်ဂျိမ်းစ်ပါ့ခ်မှာ စမ်းသပ်ခံမယ့် အိုင်ရာအိုလာ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် – ဘုန်းမောက် 

နယူးကာဆယ် နဲ့ ဘုန်းမောက် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ အတွက်တော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဖြေဆိုရမယ့် အရည်အချင်းစစ် စာမေးပွဲ တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ဘုန်းမောက် နည်းပြ အိုင်ရာအိုလာဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြီး နောက်ပိုင်း ဒါဟာ ပထမဆုံး ပွဲစဉ် ဖြစ်ပြီး၊ သူဟာ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းဝ် ရဲ့ နေရာကို ဆက်ခံမယ့်သူ ဖြစ်လာနိုင်ခြေ ရှိနေတာပါ။

 

နယူးကာဆယ်

နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ်ဟာ လက်ရှိမှာ အပြင်းထန်ဆုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီး ၁၀ မိနစ် အတွင်း ဂိုးတွေ ပြန်ပေးခဲ့ရလို့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ထားရပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ ဦးဆောင်ဂိုး အရင် သွင်းပြီးမှ ပြန်လည် ရှုံးနိမ့်ခဲ့ရတဲ့ ပွဲ ၇ ပွဲအထိ ရှိနေပြီး ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲ အထိ ရှုံးနိမ့်ခဲ့လို့ ငှက်ကြားတွေဟာ အဆင့် ၁၄ အထိ ရောက်ရှိနေပါတယ်။ အက်ဒီ ဟောင်းဝ် လက်ထက်မှာ အိမ်ကွင်း ၆ ပွဲ အထိ ရှုံးနိမ့်တာဟာ အများဆုံး ဖြစ်ပြီး နောက်ဆုံး အိမ်ကွင်း ၅ ပွဲမှာတင် ၄ ပွဲ အထိ ရှုံးထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ကွင်း ပွဲစဉ်တွေ မှာတော့ နောက်ဆုံး ၇ ပွဲ ဆက်တိုက် နှစ်ဖက် အသင်း ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေ အတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပါ။

 

ဘုန်းမောက်

အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန် တင်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သလို၊ ပြီးခဲ့တဲ့ တပတ်ကလည်း ဇယားထိပ်က အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ယူပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ဇယားထိပ်က အာဆင်နယ်ကို အနိုင်ယူထားတဲ့ ဘုန်းမောက်

အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန် တင်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သလို၊ ပြီးခဲ့တဲ့ တပတ်ကလည်း ဇယားထိပ်က အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ယူပြခဲ့ပါတယ်။ ဘုန်းမောက်ဟာ လိဂ်ပွဲ ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးသလို အဝေးကွင်း ၆ ပွဲ ဆက်တိုက်လည်း ရှုံးပွဲ မရှိသေးပါဘူး။ နောက်ပြီး အဲဒီ အဝေးကွင်း ၆ ပွဲမှာ ၃ ဂိုးသာ ပေးထားရပါတယ်။ လက်ရှိမှာ ဇယားအောက်ခြေပိုင်းမှာ ရှိနေပေမယ့် အဆင့် ၆ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟတာကြောင့် ဥရောပ ဝင်ခွင့် အတွက် အခွင့်အရေး ရှိနေဆဲပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ခရက်ဖ်၊ ရှား၊ ဂီမာရေးစ်နဲ့ ဂျိုးလင်တန် (ပွဲပယ်) တို့ လွဲချော်မှာ ဖြစ်ပြီးတော့ ဘုန်းမောက် ဘက်မှာတော့ အကင်မ်ဘွန်နီ၊ ဆိုလာ၊ ကလွိုင်ဗက်နဲ့ ကွတ်ခ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နယူးကာဆယ် – ရမ်းစ်ဒေးလ်၊ ထရစ်ပီယာ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ မိုင်လီ၊ တိုနာလီ၊ ရမ်ဆေး၊ ဘန်းစ်၊ အိုဆူလာ၊ ဂေါ်ဒွန်

ဘုန်းမောက် – ပီထရိုဗစ်၊ ဂျင်မီနက်ဇ်၊ ဟေးလ်၊ ဆီနက်ဆီ၊ ထရူးဖတ်၊ ခရစ္စတီ၊ စကော့တ်၊ ရေယန်၊ ခရူပီ၊ တာဗာနီယာ၊ အီဗန်နီလ်ဆင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဇန်နဝါရီလက အက်ဖ်အေဖလားမှာ နယူးကာဆယ်ကို ရှုံးခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ဘုန်းမောက်ဟာ နယူးကာဆယ်နဲ့ တွေ့တဲ့ နောက်ဆုံး ၇ ပွဲစလုံးမှာ ရှုံးပွဲ မရှိသေးပါဘူး။ ဒါ့အပြင် စိန့်ဂျိမ်းပါ့ခ်ကို သွားရောက် ကစားတဲ့ ပွဲတိုင်း မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ဘုန်းမောက်က ၂ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၀၂ ဆ၊ ဘုန်းမောက် နိုင်ရင် ၃.၀၉ ဆ၊ သရေ ဆိုရင်တော့ ၃.၅၄ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ နယူးကာဆယ် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ဘုန်းမောက် ရဲ့ ရှုံးပွဲ မရှိ စံချိန်ဟာ ချီးကျူးစရာ ကောင်းပေမယ့် သရေကျတာ များနေတဲ့ အသင်းပါ။ လက်ရှိမှာ ခြေစွမ်း ကျဆင်းနေတဲ့ နယူးကာဆယ် အသင်းတောင်မှ သူတို့ရဲ့ အိမ်ကွင်းမှာ ဆိုရင်တော့ ဂိုးသွင်းယူနိုင်စွမ်းရှိတာကြောင့် နည်းပြ အက်ဒီဟောင်းဝ်ရဲ့ အသင်း အနေနဲ့ ဒီပွဲမှာ အကြိတ်အနယ်ကစားပြီး အနည်းဆုံး သရေ တစ်မှတ် ရယူကာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ခန့်မှန်းရလဒ်

နယူးကာဆယ် ၂-၂ ဘုန်းမောက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်