အခုတစ်ခါမှာတော့ လာလီဂါရဲ့ နောက်ဆုံးရ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားလိုနေပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းထံမှ ယူရို သန်း ၈၀ (ပေါင် ၆၉ သန်း) နဲ့ ကမ်းလှမ်းမှု ရောက်ရှိလာပါက လက်ခံဖို့ စဉ်းစားရဖွယ် ရှိနေပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုကို ခေါ်ယူဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပြန်လည် စတင်ဖို့ အဆင်သင့် ဖြစ်နေသည်။ လာလီဂါ ကလပ်ဟာ လာမယ့် ရာသီ အတွက် ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
လူကာ မိုဒရစ် ကတော့ အေစီမီလန် အသင်းနဲ့ အတူ ရုန်းကန်ခဲ့ရတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ကစားသမား ဘဝ ကနေ အနားယူကြောင်း ကြေညာဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ခရိုအေးရှား ဂန္ထဝင် ကွင်းလယ်လူကို ဘာနေဗျူးကွင်းဆီ ပြန်လည် ခေါ်ယူကာ ဟိုဆေး မော်ရင်ညိုရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ်သော် လည်းကောင်း၊ ဒါရိုက်တာ ရာထူးဖြင့်သော် လည်းကောင်း ကွင်းပြင်ပ တာဝန် တစ်ခုခု ပေးအပ်ဖို့ အဆင်သင့် ရှိနေပါတယ်။
နည်းပြ မော်ရင်ညိုက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဗဟိုနောက်ခံလူ အီဒါ မီလီတာအို အတွက် ရရှိလာမယ့် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ရီးရဲလ်မက်ဒရစ် အသင်းကို တိုက်တွန်းနေပါတယ်။ ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ အပူတပြင်း ကြိုးပမ်းနေပေမယ့်လည်း သူတို့ရဲ့ ပထမဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၃၅ သန်းမှာ မီလီတာအို အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အောက် လျော့နည်းနေပါတယ်။
အက်တလက်တီကို မင်နဲရိုး အသင်းရဲ့ အသက် ၁၆ နှစ် အရွယ် တောင်ပံ ကစားသမား ဂါဘရီရယ် ဗီနီနိုက ဘာစီလိုနာ အသင်းရဲ့ ခေါ်ယူမယ့် ပစ်မှတ် တစ်ခု အဖြစ် ရေပန်းစားနေပါတယ်။

မေဂျာလိဂ် ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ ချီကာဂို ဖိုင်းယား နည်းပြ ဘာဟောတာ ကတော့ ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူလိုနေကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
နာပိုလီ အသင်း တိုက်စစ်မှူး လူကာကူ ကတော့ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
တန်းဆင်းသွားခဲ့ရတဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဂျရော့တ် ဘိုဝင် ကတော့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ ဂန္ထဝင် အသင်းခေါင်းဆောင် ရွိုင်ကိန်း တို့ဟာ အပြန်အလှန် စကားလုံး တိုက်ပွဲ ဖြစ်နေပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ဘရိုက်တန်ကို ၃-၀ ဂိုးပြတ် အနိုင်ရတဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး အဖြစ် ၂၁ ကြိမ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အခုလအစောပိုင်းတုန်က အင်တာဗျူး တစ်ခုမှာ ရွိုင်ကိန်းက ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းလိုက်ထက် တစ်ဦးချင်း အောင်မြင်မှုရဖို့ပဲ ဦးစားပေးတယ်လို့ စွပ်စွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စ်ကာဟာ မန်စီးတီးနဲ့ ၃ နှစ် စာချုပ်,ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ အသက် ၄၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာရက်စ်ကာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြကြီး ပပ် ဂွါဒီယိုလာ နေရာမှာ အစားထိုး ဝင်ရောက်မှာလည်း ဖြစ်ပါတယ်။
နာမည်ကျော် အားကစား ဂျာနယ်လစ် ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနို ကတော့ မန်စီးတီး အသင်းဟာ မာရက်စ်ကာကို ၂၀၂၉ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်နဲ့ နည်းပြသစ် ခန့်အပ်လိုက်ပြီ ဖြစ်တယ်လို့ သတင်း ဖော်ပြခဲ့ပါတယ်။ မာရက်စ်ကာဟာ မန်စီးတီး အသင်း ကစားသမားသစ် ခေါ်ယူရေး ကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝရမယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


