ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
စပိန် လာလီဂါဆီ ပြန်လာဖို့ ဆန္ဒရှိနေတဲ့ ချဲလ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာက အက်တလက်တီကိုမက်ဒရစ်၊ မန်ချက်စတာစီးတီး တို့နဲ့ အပြိုင် ကြိုးပမ်းဖို့ အသင့်ဖြစ်နေပါတယ်။ ကူကာရယ်လာက ချဲလ်ဆီး ကနေ ထွက်ခွာဖို့ အဆင်သင့် ရှိနေပြီး အက်တလက်တီကိုမက်ဒရစ်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဒီနွေရာသီမှာ ဘာစီလိုနာရဲ့ အဓိက ဦးစားပေး ပစ်မှတ် မဟုတ်တော့ပါဘူး။ အသင်း ဘက်က လျာထားတဲ့ တခြား ပစ်မှတ်တွေကို မခေါ်ယူနိုင်မှသာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ ဘာစီလိုနာက စဉ်းစားမှာ ဖြစ်ပါတယ်။ အထက်ပါ သတင်းနဲ့ မတူညီတာ ကတော့ လက်ရှိမှာ ယူနိုက်တက် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ ကစားသမားသစ် အန်သိုနီ ဂေါ်ဒွန်နဲ့ အတူ ဘာစီလိုနာရဲ့ အနာဂတ် စီမံကိန်းတွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူမယ့် ကိစ္စသာ ဖြစ်မြောက်လာခဲ့ရင်တော့ ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့ဟာ ရှုပ်ထွေးသွားနိုင်ပါတယ်။ ခံစစ်ပိုင်း အတွက်တော့ ဘာစီလိုနာဟာ မန်ချက်စတာစီးတီးရဲ့ နောက်ခံလူ ယော့စကို ဂဗာဒီယိုလ်ကို ခေါ်ယူနိုင်ဖို့ လက်ရှိမှာ စတင် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
နည်းပြ ဟိုဆေး မော်ရင်ညိုဟာ ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့လာဖို့ အတွက် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ (ရင်းမြစ် – El Debate)
ရီးရဲလ်မက်ဒရစ် အသင်းဟာ လေ့ကျင့်ရေးကွင်း အတွင်း ရန်ပွဲ ဖြစ်ပွားခဲ့ကြတဲ့ ဖက်ဒရီကို ဗယ်လ်ဗာဒီနဲ့ ချူအာမေနီတို့ နှစ်ဦး ကြားကဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်မလား ဆိုတာ စောင့်ကြည့်နေပါတယ်။ တကယ်လို့ သူတို့ နှစ်ဦး ရှေ့ဆက် တွဲဖက် ကစားဖို့ အဆင်မပြေတော့ဘူး ဆိုရင်တော့ ဥရုဂွေး ကွင်းလယ်လူ ဗယ်လ်ဗာဒီကို ယူရို ၁၂၀ သန်း တန်ကြေးနဲ့ လာလီဂါ ကလပ် ကနေ ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ အီဘရာဟီမာ ကိုနာတေးတို့ အကြား စာချုပ်သစ် ဆွေးနွေးမှုတွေ အဆင်မပြေခဲ့ကြောင်း သိရပါတယ်။ အသင်းကြီးတိုင်း စိတ်ဝင်စားနေတဲ့ ကိုနာတေးဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ အထူး သတင်းတွေ ထွက်ပေါ်နေပြီး အလွတ်နဲ့ ထွက်ခွာသွားဖို့ နီးစပ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ် အသင်း ဘက်က ကိုနာတေးလို ကစားသမားမျိုးကို အထူး လိုအပ်နေသလို ဗာဂျယ် ဗန်ဒိုက်ခ် နေရာ အစားထိုးနိုင်မယ့် နောက်ခံလူသစ်တွေ ကိုလည်း ရှာဖွေနေတာကြောင့် လာမယ့်ရာသီ ၎င်းတို့ နောက်တန်း က ပိုမို အားနည်းလာဖွယ် ရှိနေပါတယ်။
လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ မသေမချာ ဖြစ်နေတဲ့ လီယွန်နယ် မက်ဆီ တစ်ယောက် ယခုတစ်ခေါက် မှာတော့ အသင်း လူစာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၆ ကြိမ်ဆက် ကစားမယ့် ရော်နယ်ဒိုနဲ့ ထပ်တူ မက်ဆီလည်း ၆ ကြိမ်ဆက် ပါဝင်ကစားပေးနိုင်တော့မှာ ဖြစ်ပြီး မကြာသေးခင်က ရထားတဲ့ ဒဏ်ရာ ကလည်း ပြင်းထန်မှု မရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနား အတွက် မရှိမဖြစ် ကစားသမား အဖြစ် သက်မှတ်ခြင်း ခံထားရဆဲ ဖြစ်ပြီး သွင်းဂိုး ၁၃ ဂိုး အထိ သွင်းယူထားတာကြောင့် ဂျာမန် တိုက်စစ်မှူးဟောင်း မီရိုဆလက်ဗ် ကလိုဆေးရဲ့ ၁၆ ဂိုး စံချိန်ကို လိုက်မှီနိုင်ဖို့လည်း ရှိနေပါတယ်။ မာတီနက်ဇ်၊ အဲလ်ဗာရက်ဇ်၊ မက်ဆီတို့ အတွဲအဖက်ကို ယခု ကမ္ဘာ့ဖလားမှာ ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပြီး မာတီနက်ဇ် ကလည်း အသင်းရဲ့ နံပါတ် ၁ ဂိုးသမား နေရာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ ရထားတဲ့ နောက်ခံလူ ရိုမီယိုနဲ့ ဒီဘားလား တို့လို နာမည်ကျော် ကစားသမားတွေ ကတော့ ယခုတစ်ခေါက် လူစာရင်းထဲ ပါဝင်လာခြင်း မရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


