မီခဲလ် အာတေးတား ကတော့ ဒီရာသီ အာဆင်နယ်ကို ၂၂ နှစ် အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒီလို စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်း အာရွန် ရမ်ဆေး ကလည်း စပိန် လူမျိုး နည်းပြရဲ့ အောင်မြင်မှုကို အတုယူဖို့ မျှော်လင့်နေပါတယ်။
အာရွန် ရမ်ဆေးက သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဖော်ဟောင်း မီခဲလ် အာတေးတားက သူ့ကို နည်းပြ လောကထဲ ဝင်ရောက်ဖို့ ခွန်အားပေး လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း ပြောကြားလိုက်တာပါ။ ရမ်ဆေးက ၂၀၁၁ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ အမ်းမရိတ်စ်မှာ အာတေးတားနဲ့ အတူ တွဲဖက် ကစားခဲ့ပြီး၊ ဟားလ်စီးတီး၊ အက်စတွန်ဗီလာ တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ နှစ်ကြိမ်တိုင်တိုင် အတူတကွ ချန်ပီယံဆု ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။
လက်ရှိမှာ နည်းပြ ပရိုလိုင်စင် အတွက် စတင် ကြိုးပမ်းနေပြီ ဖြစ်တဲ့ ရမ်ဆေးက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ၇ နှစ်ကြာ ကိုင်တွယ်နေတဲ့ အာတေးတားရဲ့ အောင်မြင်မှုတွေကို လိုက်မှီနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ဒါဟာ တကယ်ကို အတုယူစရာ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မီခဲလ်ဟာ ဒီနေရာမှာပဲ ပညာသင်ယူရင်း သူ့ရဲ့ နည်းပြ ခရီးစဉ်ကို အခုလို အခြေအနေမျိုး ကနေ စတင်ခဲ့တာပါ” လို့ ရမ်ဆေးက ဆိုပါတယ်။
“၁၀ နှစ် အကြာမှာ သူ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာကို မြင်တွေ့ရတာက ကျွန်တော်တို့ အတွက် ခွန်အားဖြစ်စေပါတယ်။ ဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖလား အားလုံးကို ကျွန်တော် ဆွတ်ခူးချင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်၊ ကျွန်တော့်ရဲ့ ပစ်မှတ်ပါပဲ။ အဲဒီအိပ်မက်ကို လက်တွေ့ဖြစ်လာအောင် ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ ရမ်ဆေးက ဆိုပါတယ်။
ဝေးလ်စ် လက်ရွေးစင် ကွင်းလယ်လူဟောင်း ရမ်ဆေးက ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပူးမားစ် အူနမ်နဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်၊ အခုနှစ် အစောပိုင်းမှာ ကစားသမား ဘဝ ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် ရမ်ဆေးက ခရိတ်ဂျ် ဘယ်လာမီ ကိုင်တွယ်နေတဲ့ ဝေးလ်စ် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖွဲ့မှာ ပါဝင်ခဲ့ပေမယ့်လည်း၊ သူတို့ အသင်းမှာ ကမ္ဘာ့ဖလား ပလေးအော့ဖ် ပွဲစဉ်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနားကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
ရမ်ဆေးက ၂၀၂၄-၂၅ ရာသီ အကုန်မှာ ကာဒစ်ဖ်စီးတီး အသင်းရဲ့ ယာယီ နည်းပြ အဖြစ် ခေတ္တ တာဝန်ယူခဲ့ဖူးပြီး၊ ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ (၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး) ခဲ့သလိ ငှက်ပြာတွေဟာ ဒုတိယတန်းလိဂ် ကနေ တန်းဆင်းသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက နောက်ဆုံး အဖြစ် ကစားသမား အဖြစ် ကွင်းအတွင်း ကစားခဲ့ပြီး နောက်ပိုင်း ဘောလုံးလောကနဲ့ ခေတ္တ ဝေးကွာနေခဲ့တဲ့ ရမ်ဆေးက သူအနေနဲ့ ဘောလုံးလောကထဲသို့ ပြန်လည် ဝင်ရောက်လိုပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ခြေပစ်လက်ပစ် နားနေဖို့က ကျွန်တော့်ရဲ့ သွေးသားထဲမှာ မရှိပါဘူး။ ခြေပစ် လက်ပစ် ဒီအတိုင်း ထိုင်နားနေဖို့ ဆိုတာ ကျွန်တော့်ရဲ့ သွေးသား ထဲမှာ မရှိပါဘူး။ ကျွန်တော် အသင့်ဖြစ်နေပြီလို့ ခံစားရပါတယ်၊ ဒါပေမယ့် ဒါတွေအားလုံးက ရလာမယ့် အခွင့်အရေးပေါ်မှာပဲ မူတည်တာပေါ့ ဟုတ်တယ်မလား။ ဒါကြောင့် ကလပ် အသင်း အမျိုးအစား၊ သက်တမ်း အလိုက် အသင်းတွေ အပေါ် မူတည်ပြီး ပုံစံချင်းတော့ တူမှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွက် ကတော့ နည်းပြ လုပ်ဖို့၊ ကစားသမား တစ်စုကို ဦးဆောင် လမ်းပြပြီး ခွန်အားပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဘယ်လို အခွင့်အရေးမျိုးတွေ ပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ရမ်ဆေးက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


