နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူနိုက်တက်မှာ အခက်အခဲတွေ ကျော်ဖြတ်ပြီးနောက် ကမ္ဘာ့ဖလား အတွက် ရွေးချယ်ခံခဲ့ရတယ် ဆိုတဲ့ ကူညာ

မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲတဲ့ အစပြုခြင်းကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတယ်လို့ မားသီးယက်စ် ကူညာက ဖွင့်ဟလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာသီးယပ်စ် ကူညာဟာ ၂၀၂၂ ခုနှစ်တုန်းက ချန်လှပ်ထားခံခဲ့ရပြီးနောက် လက်ရှိမှာတော့ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံထားရပါတယ်။ မာသီးယပ်စ် ကူညာက မန်ချက်စတာယူနိုက်တက်မှာ အစောပိုင်း အခက်အခဲတွေကို ကျော်ဖြတ်ပြီးနောက် ဘရာဇီးလ် အသင်းရဲ့ ကမ္ဘာ့ဖလား ၂၆ ယောက် လူစာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့တာဟာ ကံကြမ္မာရဲ့ အလှည့်အပြောင်း တစ်ခုလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကူညာဟာ ခရာဘောင်ဖလားမှာ ဂရင်းမ်စဘီတောင်း အသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရစဉ်က အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့ပြီးနောက် ယူနိုက်တက် အတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ဖို့ အောက်တိုဘာ ၂၅ ရက် အထိ စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မှာတော့ သူဟာ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီပေးရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇-၂၀၀၈ ရာသီက ကားလို့စ် တီဗက်ဇ် (၁၄ ဂိုး) နဲ့ ၂၀၂၀-၂၁ ရာသီက အက်ဒီဆင် ကာဗာနီ (၁၀ ဂိုး) တို့နောက်ပိုင်း ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ သွင်းဂိုး ဂဏန်း နှစ်လုံးပြည့် တတိယမြောက် တောင်အမေရိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

ခြုံငုံကြည့်ရင် ကူညာဟာ ပြိုင်ပွဲစုံမှာ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယူနိုက်တက် အသင်းမှာ သူ့ထက် ပိုမိုစွမ်းဆောင်နိုင်သူဆိုလို့ ဘင်ဂျာမင် ဆက်စ်ကို (၁၃ ကြိမ်)၊ ဘရိုင်ယန် အမ်ဘွေမို (၁၄ ကြိမ်) နဲ့ ဘရူနို ဖာနန်ဒက်စ် (၃၁ ကြိမ်) တို့သာ ရှိခဲ့ပါတယ်။

ဒီလို ရွေးချယ်ခံခဲ့ရခြင်းနဲ့ ပတ်သတ်လို့ ကူညာက “အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခြင်းက ကျွန်တော့်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပါ။ ဘောလုံးလောကမှာရော ဘဝမှာပါ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းရတာ၊ အဲဒါတွေကို ကျော်ဖြတ်ရတာတွေဟာ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ” လို့ ဆိုပါတယ်။

“ကျွန်တော် ဖြတ်သန်းခဲ့ရသမျှ အရာအားလုံး ပြီးနောက် ဒီလူစာရင်းမှာ နာမည်ပါလာဖို့၊ ကျွန်တော့်ရဲ့ မွေးနေ့မှာပဲ နိုင်ငံလက်ရွေးစင် အသင်းဆီ ရောက်ရှိလာဖို့ ဖြစ်လာခဲ့တာပါ။ ကောင်းပြီ၊ ဒါဟာ ကံကြမ္မာပဲလို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံး လောကမှာ အောင်မြင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော် ဘယ်နေရာကိုပဲ ရောက်ရောက် စိန်ခေါ်မှုတွေက အမြဲရှိနေတာပါပဲ။ အဲဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်တာက ကျွန်တော့်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပါပဲ။ အဲဒီလို ကျော်ဖြတ်နိုင်တဲ့ အချိန်ကျမှ အရာအားလုံးဟာ တန်ဖိုးရှိသွားတာပါ။ ကျွန်တော် ဒီနေ့ ဒီနေရာ အထိ ရောက်လာနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဒါဟာ မလွယ်ကူခဲ့ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ စိတ်ကျေနပ်မှုတော့ အပြည့်အဝ ရရှိပါတယ်။”

“ကျွန်တော် အမြဲတမ်း ကစားချင်ခဲ့တဲ့ ကလပ် အသင်းမှာ အခုလို အရာရာတိုင်း အဆင်ပြေချောမွေ့နေတဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိခြင်း ဖြစ်သလို၊ ကလပ် အသင်း အနေနဲ့လည်း နှစ်စဉ် ယှဉ်ပြိုင်သင့်တဲ့ ပြိုင်ပွဲတွေဆီ ပြန်ရောက်သွားတာ ဖြစ်ပြီး အခုတော့ ကျွန်တော် ဘရာဇီးလ် လက်ရွေးစင် အသင်းဆီပါ ရောက်ရှိသွားပါပြီ။ ကလပ်အသင်းမှာ အောင်မြင်ခဲ့သလိုမျိုး နိုင်ငံလက်ရွေးစင် အသင်း မှာလည်း အောင်မြင်လိမ့်မယ်လို့ မျှော်လင့်သလို၊ ကျွန်တော် အကျွမ်းကျင်ဆုံး ဖြစ်တဲ့ ကစားကွက်နေရာတွေမှာ အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ကျွန်တော့်ရဲ့ အိပ်မက် ကတော့ ကမ္ဘာ့ဖလားဆီ ဦးတည်သွားမယ့် ပြင်ဆင်မှုတွေမှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပါဝင်ခွင့်ရဖို့ပါပဲ။ နည်းပြ အန်ဆယ်လော့တီက ကျွန်တော့်ဆီ ကနေ ဘာပဲ လိုအပ်ပါစေ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဘရာဇီးလ် အသင်း အတွက် ၂၁ ပွဲ ကစား၊ ၁ ဂိုး သွင်းယူထားတဲ့ ကူညာဟာ ဇွန်လ ၁၃ ရက်နေ့မှာ ကမ္ဘာ့ဖလား ပွဲစဉ်တွေ မစတင်မီ နည်းပြ အန်ဆယ်လော့တီနဲ့ နည်းပြ အဖွဲ့ဝင်တွေကို ခြေစွမ်းပြ အထင်ကြီးအောင် လုပ်ပြခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးလ် အသင်းဟာ MetLife Stadium မှာ မော်ရိုကို အသင်းနဲ့ အဖွင့်ပွဲစဉ် အဖြစ် မကစားမီ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲ နှစ်ပွဲ အဖြစ် ပနားမား၊ အီဂျစ် တို့နဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီနောက် ဇွန်လ ၁၉ ရက်နေ့မှာ ဟေတီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မိုင်ယာမီမြို့မှာ စကော့တလန်နဲ့ ကစားကာ အုပ်စု အဆင့် ပွဲစဉ်တွေကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ ကူညာက “ကိုယ်ရင်ဆိုင်ရမယ့် အလွန်ကြီးမားတဲ့အရာတွေ အတွက် အတွေ့အကြုံကောင်းတွေ ဝေမျှပေးနိုင်မယ့် အကောင်းဆုံး လူတွေနဲ့ အတူ လက်တွဲ လုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူစရာပါပဲ။ ဘောလုံးလောကမှာ အတွေ့အကြုံတွေ အများကြီးရှိပြီး ဗဟုသုတ ကြွယ်ဝတဲ့ ဒီလိုလူမျိုးတွေဟာ အခုလို အချိန်အခါမျိုးမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်တွေကို အတူတကွ အကောင်အထည်ဖော်နိုင်ဖို့ အတွက် သူတို့တွေက ကျွန်တော် တို့နဲ့ အတူ ဒီနေရာမှာ ရှိနေပေးတာပါ။” လို့ ကူညာက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်