ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားသမား ကိုင် ဟာဗက်ဇ် ကတော့ ပြီးခဲ့တဲ့ ရာသီက အောင်မြင်မှုတွေကို အခြေခံပြီး လာမယ့်ရာသီမှာ ရနိုင်သမျှ “ဆုဖလား အားလုံး” ကို ဆွတ်ခူးသွားချင်တယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှု အဆုံးသတ်ပြီး ကြီးကျယ် ခမ်းနားစွာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ကိုင် ဟာဗက်ဇ် ကတော့ ဒီလောက်နဲ့ အားရမသွားဘဲ လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ရနိုင်သမျှ ဆုဖလား အားလုံးကို သိမ်းပိုက်သွားချင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နည်းပြ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရုံတင်မကဘဲ ဗိုလ်လုပွဲ နှစ်ခု အထိ တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် EFL ခရာဘောင် ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ရာသီကြို ခြေစမ်းပွဲ အဖြစ် ဂျီရိုနာ အသင်းကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး၊ အဲဒီပွဲမှာ ဟာဗက်ဇ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ဂျာမန်သားက သတင်းထောက်တွေကို အခုလို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော်တို့ ဆုဖလားတွေ အကုန်လုံးကို လိုချင်တာပါ။ ဒါဟာ ကျွန်တော်တို့ ဒီမှာ ရှိနေရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလား ကို ရခဲ့ပြီးပြီ ဆိုပေမယ့် နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ရာသီတစ်ခုက ဘယ်လောက်အထိ ရှည်လျားပြီး ပြိုင်ပွဲပေါင်းစုံကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ကျွန်တော်တို့ သိတာကြောင့်၊ အဲဒီလို ဖြစ်လာဖို့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းရပါလိမ့်မယ်။”

“ဒီနှစ်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး အရာရာကို ပြန်လည် ပုံဖော်သွားချင်ပါတယ်။ ကျွန်တော်တို့ အဝေးကြီး အထိ ဆက်သွားနိုင်တယ်၊ သွားလည်း သွားရမယ်လို့ ယုံကြည်ပါတယ်။ တခြား အသင်းတွေလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ၊ ဒါကြောင့် ကျွန်တော်တို့လည်း နောက်ထပ် အဆင့် တစ်ခုကို ပိုပြီး တိုးမြှင့်သွားရပါမယ်။ အားလုံး လေ့ကျင့်နေကြတာ ဒါအတွက်ပါပဲ။ ဒီရာသီမှာ အစကောင်းပြီး ရည်မှန်းချက်တွေကို ပြန်လည် အကောင်အထည်ဖော်ချင်ပါတယ်။”
အာဆင်နယ် အသင်းဟာ ရာသီကြို ပြင်ဆင်မှု အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ စပိန် ကလပ် ရီးရဲလ် ဘက်တစ် အသင်းနဲ့ ဆက်လက် ခြေစမ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီသစ် မစမီ သြဂုတ်လ ၁၆ ရက်နေ့ မှာတော့ ခရာဘောင်ဖလား ဗိုလ်လုပွဲတုန်းက အကြွေးဆပ်ဖို့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ၅ ရက်အကြာ သြဂုတ် ၂၁ ရက်နေ့ မှာတော့ တန်းတက် ကိုဗင်ထရီစီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နွေရာသီ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ အဖြစ် ပီယာရို ဟင်ကပ်ပီယေကို အပြီးသတ် ခေါ်ယူထားခဲ့သလို၊ အရန် ဂိုးသမား အဖြစ် မက်စ်လေယာနဲ့ ဘယ်တောင်ပံ အတွက် ကိုတော့ ခရစ္စတို ဇိုးလစ်ကို ခေါ်ယူထားပါတယ်။ လက်ရှိမှာ ဘရူနို ဂီမာရေးစ်က အာဆင်နယ် ကွင်းလယ်လူသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သလို ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အပြောင်းအရွှေ့ ကိုလည်း ဂန်းနားတွေက မျက်ခြေမပြတ် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ အကယ်၍ အာဆင်နယ်သာ ဂီမာရေးစ် အပြင် ဗင်နီးစီးယပ်စ် သို့မဟုတ် ထိပ်တန်း ကစားသမား တစ်ဦး၊ နှစ်ဦးလောက်သာ ထပ်မံ ခေါ်ယူနိုင်ခဲ့ရင်တော့ ဟာဗက်ဇ် ကြုံးဝါး ပြောဆိုသလို ဖြစ်နိုင်ခြေ များသွားမှာ အသေအချာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


