နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီ ကိုရော အဲလ်ဗာရက်ဇ်ကိုပါ ခေါ်ယူမယ့် ဘာစီလိုနာ၊ အငှားထွက်ကစားရဖွယ် ရှိနေပြန်တဲ့ အန်းဒရစ်ခ် | လာလီဂါ

ဒီကနေ့ နွေရာသီ အပြောင်းအရွှေ့ ရာသီ ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့ အမျှ ဥရောပ ထိပ်တန်း ကလပ် အသင်းကြီးတွေရဲ့ ကစားသမားသစ် ခေါ်ယူရေး၊ ထွက်ခွာရေး သတင်းတွေဟာ အရှိန်တော်တော်လေး မြင့်တက်လာနေပါပြီ။ လတ်တလော ထွက်ပေါ်နေတဲ့ လာလီဂါ အပါအဝင် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ်ရာ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ရိုဒရီ အတွက် ငွေကြေးအများအပြား သုံးစွဲဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ အပြောင်းအရွှေ့ ရာသီ မပိတ်မီ အထိ အဲလ်ဗာရက်စ်ကို သူတို့ရဲ့ ထိပ်တန်း အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း The Athletic က ဆိုပါတယ်။

အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီးစီးယက်စ် ဂျူနီယာကို ခေါ်ယူဖို့ လွဲချော်ခဲ့ရပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး ဖာရန် တောရက်စ်ကို အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။

လစ်ဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း DaveOCKOP သတင်းတွေအရ သိရပါတယ်။

နယူးကာဆယ်ဟာ ဘယ်နောက်ခံလူ လူးဝစ် ဟောလ် အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး၊ ဘယ်ဈေးနဲ့မှ ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ကြောင်း Sky Sports News က ဖော်ပြပါတယ်။

အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ နှစ်သင်းစလုံးဟာ တန်ကြေး ပေါင် ၇၃ သန်း သတ်မှတ်ခံထားရတဲ့ အင်တာမီလန်ရဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူး ပီယို အက်စ်ပိုစီတို ကို ခေါ်ယူဖို့ ပြိုင်ဆိုင်နေကြကြောင်း The Sun က ဖော်ပြထားပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို နာပိုလီ အသင်းက ခေါ်ယူချင်နေပြီး အာဆင်နယ် ဘက်က ရောင်းချဖို့ သဘောတူအောင် ပေါင် ၁၇ သန်း ထက် ပိုမို ပေးချေရမှာ ဖြစ်ကြောင်း Globo Esporte က သတင်းထုတ်ပြန်ထားပါတယ်။

အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်နဲ့ ဗီလာရီးရဲလ်တို့ အပြင် ရီးရဲလ်ဆိုစီဒက် အသင်းပါ စပိန်မြေမှာ စိတ်ဝင်စားမှု ပြသလာကြောင်း သိရပါတယ်။
နည်းပြသစ် ဟိုဆေး မော်ရင်ညို လက်အောက်မှာလည်း ပွဲထွက်ခွင့် မသေချာသေးတဲ့ အန်းဒရစ်ခ်

တူရကီ ကလပ် ဘက်ဆစ်တပ်စ်ဟာ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Sözcü က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရိုဒရီကို ခေါ်ယူမယ့် အစီအစဉ်ရဲ့ အစိတ်ပိုင်းအဖြစ် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို မန်စီးတီးဆီ ပြောင်းပြန် ကမ်းလှမ်းခဲ့ကြောင်း El Nacional က ဆိုပါတယ်။ ရိုဒရီ ထွက်ခွာသွားပါက အစားထိုးဖို့ အတွက် မန်စီးတီး အသင်းဟာ လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာရဲ့ ကိုယ်စားလှယ်တွေနဲ့ မထင်မှတ်ဘဲ အဆက်အသွယ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘိုလော့ဂ်ညာ ဗဟိုနောက်ခံလူ ဂျွန် လူကူမီကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ပါဝင်နေပေမယ့် ကစားသမား သဘောကျတဲ့ ဂျူဗင်တပ်စ် အသင်း ဘက်က သင့်တော်တဲ့ ကမ်းလှမ်းမှု မလုပ်နိုင်မှသာ အခွင့်အရေး ရရှိမှာ ဖြစ်ကြောင်း Quotidiano Sportivo က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ နောက်ခံလူ အက်ဇရီ ကွန်ဆာ အတွက် အာဆင်နယ်ရဲ့ ပထမဆုံး ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် လစ်ဗာပူးလ် အသင်းကပါ ဒီပြိုင်ပွဲထဲ ပါဝင်လာဖို့ စဉ်းစားနေကြောင်း Football FanCast က ဆိုပါတယ်။

ချဲလ်ဆီး၊ မန်ယူနိုက်တက်နဲ့ စပါး တို့ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အီဂေါ သီယာဂိုကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြပေမယ့် ဘရန့်ဖို့ဒ် ဘက်ကတော့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးမှာ ကိုပင် ငြင်းဆန်ထားကြောင်း TEAMtalk က ဖော်ပြပါတယ်။

အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ဖာမင်း လိုပက်ဇ်ကို ပြန်လည် ရရှိမှသာ အဲလ်ဗာရက်စ်ကို ဘာစီလိုနာဆီ ရောင်းချမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဘက်က ဒီအဆိုပြုချက်ကို ချက်ချင်း ပယ်ချခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

စပါး နောက်ခံလူ ခရစ္စရှန် ရိုမီယို ရောက်ရှိလာခြင်းက အာဂျင်တီးနား အသင်းဖော် အဲလ်ဗာရက်စ်ကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆတာကြောင့် အက်တလက်တီကိုက ရိုမီယိုကို အဓိက ခေါ်ယူချင်နေတာ ဖြစ်ကြောင်း SPORT က သတင်းဖော်ပြပါတယ်။

ရိုဒရီကို လက်လွှတ်ခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ် အနေနဲ့ အစားထိုး ကစားသမားသစ် ထပ်မံ မခေါ်ယူတော့ပဲ အာဒါ ဂူလာနဲ့ အသင်းသစ် ရောက်ရှိလာသူ ဘာနာဒို ဆေးလ်ဗား တို့ကိုပဲ ကွင်းလယ်အနက်ပိုင်းမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ကားလို့စ် အက်စ်ပီနဲ့ ယန် ဒီယိုမန်ဒီတို့ ရောက်ရှိလာပြီးနောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်းဒရစ်ခ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့နိုင်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။

အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်နဲ့ ဗီလာရီးရဲလ်တို့ အပြင် ရီးရဲလ်ဆိုစီဒက် အသင်းပါ စပိန်မြေမှာ စိတ်ဝင်စားမှု ပြသလာကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်