LOOKING FOR MORE ACTION?

SBOTOP has a lot in store for you

Visit www.mysbotop.com to check out exciting
games and exlusive offers

For more information:
Email us at [email protected]

GO NOW

SBOTOP APP Welcome Freebet – EN
countdown banner
00 Days
00 Hours
00 Minutes

ဘာစီလိုနာကို ပြောင်းဖို့ အဆင်မပြေတဲ့ ဘက်စတိုနီကို ကြိုးပမ်းမယ့် ရီးရဲလ်၊ အင်တာမီလန်ကို ပြောင်းမယ့် ကာဗာဟယ် | စီးရီးအေ

ဒီနေ့ ညနေ အထိ ရရှိထားသမျှ စီးရီးအေ အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ လာမယ့် ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိဖို့ အတွက် ချဲလ်ဆီး အသင်း ကနေ ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ပေါင် ၁၂၉.၇ သန်း (ယူရို သန်း ၁၅၀) အထိ အသုံးပြုပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းရဲ့ စိတ်ဝင်စားမှုတွေ ရပ်တန့်သွားပါတယ်။ ဒီအချိန် မှာတော့ ရီးရဲလ်မက်ဒရစ်က အဆိုပါ နောက်ခံလူကို ကမ်းလှမ်းဖို့ အတွက် စတင်ပြင်ဆင်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် အတွက်တော့ အခက်အခဲတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။ အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီးနောက် မှာတော့ အသင်းကို လာရောက် ကိုင်တွယ်မယ့် နည်းပြသစ် ဟိုဆေး မော်ရင်ညိုရဲ့ အဓိက ပစ်မှတ် ဖြစ်လာတဲ့ အင်တာမီလန် အသင်းက ဒန်ဇဲလ် ဒမ်းဖရီးစ်ကြောင့် အာနိုးလ် တစ်ယောက် အသင်းမှာ နေရာ ပျောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပေါ်တို အသင်းရဲ့ အသက် ၁၉ နှစ် အရွယ် ပါရမီရှင် လူငယ် ကြယ်ပွင့် ရိုဒရီဂို မိုရာကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေပေမယ့် သူရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ချ် မန်းဒက်စ် ကတော့ သူ့ကစားသမားကို ရီးရဲလ်မက်ဒရစ် ဘက်ကိုပဲ ဦးတည်သွားစေဖို့ တွန်းအားပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပေါ်တို ကတော့ သူတို့ရဲ့ လူငယ်လေး အတွက် ယူရို သန်း ၄၀ ဝန်းကျင် တောင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြီးနောက် မှာတော့ ဝါရင့် ညာနောက်ခံလူ ကာဗာဟယ်ဟာ စီးရီးအေ ချန်ပီယံ အင်တာမီလန် ဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။
နှစ်ပေါင်း များစွာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို နှုတ်ဆက်ခဲ့ပြီး ဖြစ်တဲ့ ကာဗာဟယ်

အက်တလက်တီကိုမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာက အခွင့်အရေး အကောင်းဆုံး ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန် အထိ တိုက်စစ်မှူး အတွက် တရားဝင် အဆက်အသွယ် လုပ်ထားတဲ့ တစ်ဦးတည်းသော အသင်း ကတော့ ပီအက်စ်ဂျီ ဖြစ်ပါတယ်။ အာဆင်နယ် အသင်း ကလည်း ဒီကမ္ဘာ့ဖလား ချန်ပီယံ တိုက်စစ်မှူးကို စိတ်ဝင်စားနေပေမယ့် ဥရောပ ပြိုင်ဘက် အသင်းတွေနဲ့ ယှဉ်ရင်တော့ အခွင့်အရေး အလွန်နည်းပါးနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြီးနောက် မှာတော့ ဝါရင့် ညာနောက်ခံလူ ကာဗာဟယ်ဟာ စီးရီးအေ ချန်ပီယံ အင်တာမီလန် ဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။

ဝီလီယမ် ဆလီဘာက ဒီရာသီ မတ်လလောက်ကတည်းက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားကို သေချာပေါက် ရရှိတော့မယ်လို့ ယုံကြည်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာစီးတီးနဲ့ ဘုန်းမောက်တို့ သရေကျသွားခဲ့တာကြောင့် အာဆင်နယ်ဟာ ဒုတိယနေရာနဲ့ ၃ ကြိမ် ဆက်တိုက် ကျေနပ်ခဲ့ရပြီးနောက် မှာတော့ အခုနှစ် ရာသီပိတ် ပွဲစဉ် မတိုင်ခင် မှာတင် လိဂ်ချန်ပီယံ ဖြစ်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂန်းနား တို့ဟာ ရာသီအစပိုင်း အချိန်အတော်များများမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်၊ မန်စီးတီး တို့နဲ့ ပွဲတွေမှာ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ အောက်မှာ နောက်တစ်ကြိမ် ပြိုလဲသွားဦးမလားလို့ ထင်မှတ်ခဲ့ရပါတယ်။

မန်ယူ အသင်းမှ ထွက်ခွာမယ့် ကက်စ်မဲရိုးရဲ့ အသင်းသစ်ဟာ အင်တာမီယာမီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အင်တာမီယာမီ အသင်း တိုက်စစ်မှူး ကာဆာမဲရိုးရဲ့ အနာဂတ်ကို အတည်ပြုသွားခဲ့တာ ဖြစ်ပြီး “ကက်စ်မဲရိုး အသင်းကို ရောက်လာမှာ ကျွန်တော် သိနေပါတယ်၊ သူက တကယ့် ဂရိတ် ကစားသမား တစ်ယောက်ပါ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ကက်စ်မဲရိုးရဲ့ အေးဂျင့်တွေက အဲလ်အေ ဂလက်ဆီ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ဆွေးနွေးမှု တချို့ အဆင်မပြေ ဖြစ်နေတာကြောင့် အင်တာမီယာမီ အသင်းက လက်ဦးမှု ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီယာမီ အသင်းဟာ လာမယ့် ဇူလိုင် ၂၂ ရက်နေ့ ချီကာဂိုဖိုင်းယား အသင်းနဲ့ ပြန်လည် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲအမှီ ကက်စ်မဲရိုး တစ်ယောက် အင်တာမီယာမီ အသင်းထံ ပြောင်းရွှေ့သွားနိုင်ပေမယ့် ပါဝင်ကစားပေးဖို့တော့ မရှိသေးကြောင်း သတင်းရရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

Live Chat