ပီအက်စ်ဂျီ – အာဆင်နယ်
ဘူဒါပက်စ်မြို့မှာ အကြိတ်အနယ် ရှိလှမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲ ဆင်နွှဲဖို့ နီးကပ်လာနေပါပြီ။ စနေနေ့ ညနေ ၅ နာရီမှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနဲ့ ဖလားကို စိန်ခေါ်မယ့် အာဆင်နယ် တို့ဟာ ပွတ်ရှ်ကတ်စ် အာရီနာ ၂၀၂၅-၂၆ ရာသီရဲ့ ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ကစားသွားကြတော့မှာ ဖြစ်ပါတယ်။
လူးဝစ် အန်နရီကေးရဲ့ ပီအက်စ်ဂျီဟာ ပြင်သစ် အသင်းတွေထဲမှာ ဥရောပဖလားကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာဖို့ ရည်မှန်းထားပြီး၊ အာဆင်နယ် ကတော့ ဥရောပရဲ့ ဘုရင် နေရာကို ပထမဆုံး အကြိမ် လွဲချော်ခဲ့ရတဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ က သမိုင်းဆိုးကို ချေဖျက်ပြီး သူတို့ရဲ့ အမည်ကို ဂုဏ်သိက္ခာကြီးမားတဲ့ ဒီဆုဖလားကြီး အပေါ် ကမ္ပည်းတင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ
ပီအက်စ်ဂျီရဲ့ တိုက်စစ်မှူးဟောင်း ကီလီယန် အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်မှာ ပရိသတ်တွေရဲ့ ဆန့်ကျင် အုံကြွမှုကို ရင်ဆိုင်နေရချိန်မှာပဲ၊ သူရဲ့ ကလပ်ဟောင်း ကတော့ ချန်ပီယံလိဂ် ဖလားကို နှစ်ကြိမ်ဆက်တိုက် သိမ်းပိုက်နိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။ ဒါဟာ အမ်ဘာပေး အနေနဲ့ ပါရီမှာ ကစားခဲ့စဉ်က အောင်မြင်မှုတွေ ရခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမျှ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာလည်း ဖြစ်ပါတယ်။
နာမည်ကြီး စူပါစတားတွေထက် စုစည်းမှုရှိတဲ့ အသင်းလိုက် ကစားကွက်ကို ပိုမို ဦးစားပေးလေ့ ရှိတဲ့ ဆရာကြီး အန်နရီကေးဟာ အခုပွဲမှာသာ နိုင်ခဲ့ရင် ကာလို အန်ဆလော့တီ၊ ပပ် ဂွါဒီယိုလာ၊ ဘော့ ပေ့စ်လေနဲ့ ဇနက်ဒင် ဇီဒန်း တို့ပြီးနောက် ဥရောပဖလား (၃) ကြိမ်မြောက် ရရှိတဲ့ ပဉ္စမမြောက် မန်နေဂျာ ဖြစ်လာတော့မှာပါ။ သူတို့ဟာ ဒီနှစ် ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ်တွေမှာ ရမှတ် ၂၄ မှတ်မှာ ၁၄ မှတ်သာ ရရှိခဲ့ပြီး သိပ်ပြီး ထူးထူးခြားခြား မရှိခဲ့ပေမယ့် ရှုံးထွက်အဆင့်တွေ မှာတော့ သူတို့ရဲ့ ထုံးစံအတိုင်း အားနဲ့ အင်နဲ့ ပြန်လည် နိုးထလာခဲ့ပါတယ်။
မိုနာကို၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မကြာသေးခင်ကပဲ ဘေယန်မြူးနစ် တို့ဟာ ဒီလက်ရှိ ဥရောပချန်ပီယံတွေရဲ့ ဖြုတ်ချခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ အခုနှစ် UCL မှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးသွင်း အများဆုံး အသင်း အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပြီး၊ ၁၉၉၉-၀၀ ရာသီက ဘာစီလိုနာ အသင်း တင်ရှိထားတဲ့ စံချိန်တင် သွင်းဂိုးကို လိုက်မီဖို့ ၁ ဂိုးသာ လိုပါတော့တယ်။
ပီအက်စ်ဂျီဟာ ၂၀၂၅-၂၆ ချန်ပီယံလိဂ် တစ်လျှောက်လုံးမှာ ဘီလ်ဘာအိုနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲတစ်ပွဲတည်းမှာပဲ ဂိုးမသွင်းနိုင်ခဲ့တာပါ။ ရှုံးထွက်အဆင့် ၈ ပွဲမှာ ၇ ပွဲအထိ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပြီး၊ အဲ့ဒီမှတ်တမ်းဟာ ဘေယန်မြူးနစ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ၁-၁ သရေကျခဲ့တဲ့ ပွဲရောက်မှ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၅-၂၆ လီဂူးဝမ်း ရာသီပိတ်ပွဲမှာ ပဲရစ်အက်ဖ်စီကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး အဆုံးသတ် မလှခဲ့ပေမယ့် ပုံမှန် ရနေကျ ဖြစ်တဲ့ လိဂ်ဖလား ကိုတော့ ကြိုတင်သိမ်းပိုက်ထားပြီးသား ဖြစ်ပါတယ်။
စနေနေ့မှာ ကစားမယ့် ဗိုလ်လုပွဲဟာ ၂၀၁၉-၂၀ ရာသီ (ကိုဗစ်ကာလ ကွင်းပိတ်ကစားခဲ့စဉ်က ပီအက်စ်ဂျီကို ဘေယန်မြူးနစ်က ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲ) ပြီးနောက်ပိုင်း ပြည်တွင်း ချန်ပီယံ အချင်းချင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။ ဒါဟာ အယူအဆ ရှိတတ်တဲ့ အာဆင်နယ် ပရိသတ်တွေ အတွက်တော့ ကောင်းတဲ့ အတိတ်နိမိတ် တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
အာဆင်နယ်
ဂန်းနားတွေ အနေနဲ့ ပြင်သစ်မြေမှာ ကြေကွဲခဲ့ရတဲ့ အနှစ် ၂၀ က အတိတ်ဆိုးကို ပီအက်စ်ဂျီနဲ့ ပြန်လည် ရင်ဆိုင်ပြီး ဥရောပ အောင်ပွဲ အတွက် တိုက်ပွဲဝင်ရမှာက တော်တော်လေး တိုက်ဆိုင်လှပါတယ်။ အဲဒီအချိန်က ဂိုးသမား ယန်း လေးမန်းရဲ့ အနီကတ်၊ ဆမ်မြူရယ် အီတူးရဲ့ လူကျွံထောင်ခြောက် ကနေ လွတ်မြောက်သွားမှုနဲ့ ဂျူလီယာနို ဘယ်လတ်တီရဲ့ အနိုင်ဂိုးတွေကြောင့် ဘာစီလိုနာက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဥရောပကို စိုးမိုးသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်ဗန်းဂါးဟာ အာဆင်နယ်နဲ့ အတူ ချန်ပီယံလိဂ် ဖလားကို တစ်ကြိမ်မှ မကိုင်မြှောက်နိုင်ဘဲ အမ်းမရိတ်စ်ကွင်း ကနေ ထွက်ခွာသွားခဲ့ရပေမယ့်၊ အခုအခါ မှာတော့ သူ့ရဲ့ တပည့် ဖြစ်တဲ့ မီခဲလ် အာတေးတားက သမိုင်းဝင် ဥရောပဖလားနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဆုဖလား နှစ်လုံး ရရှိဖို့ မိနစ် ၉၀ သာ လိုပါတော့တယ်။ ဒီလို ဖလား နှစ်လုံး ဆွတ်ခူးမှုကို အင်္ဂလန်မှာ လစ်ဗာပူးလ် (၂ ကြိမ်)၊ မန်ချက်စတာယူနိုက်တက် (၂ ကြိမ်) နဲ့ မန်ချက်စတာစီးတီး တို့သာ စွမ်းဆောင်နိုင်ခဲ့ဖူးတာပါ။

ဝေဖန်သူတွေကတော့ အာဆင်နယ်ဟာ ဘူဒါပက်စ်ကို ရောက်ဖို့ လွယ်ကူတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းခဲ့ရတယ်လို့ ထောက်ပြကြပါလိမ့်မယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဟာ လိဂ်အဆင့် ပွဲစဉ်တွေမှာ အပြစ်ပြောစရာမရှိအောင် ကစားခဲ့လို့သာ ရှုံးထွက်အဆင့်မှာ ပိုမိုသက်သာတဲ့ လမ်းကြောင်းကို ရရှိခဲ့တာ ဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ လေဗာကူဆင်၊ စပို့တင်းလစ္စဘွန်းနဲ့ အက်တလက်တီကိုမက်ဒရစ်တို့ကို ပါးပါးနပ်နပ် ကျော်ဖြတ်ပြီး ဟန်ဂေရီမြေကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိ ဥရောပမှာ ရှုံးပွဲ မရှိသေးတဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ် တစ်ရာသီ အတွင်း ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိဘဲ ဗိုလ်လုပွဲ တက်လှမ်းနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါပြီ။
အာဆင်နယ်ရဲ့ ခရီးစဉ် အတွင်းမှာ သူတို့ဟာ ပြိုင်ဘက်ကင်း ပွဲစဉ် (၉) ပွဲအထိ ဂိုးမပေးရအောင် (Clean Sheet) ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ဒါဟာ သူတို့ အသင်းရဲ့ ၂၀၀၅-၂၀၀၆ ရာသီက စံချိန် ထက် ၁ ပွဲသာ လျော့နည်းပါသေးတယ်။ ပြီးခဲ့တဲ့ တပတ်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့ နိုင်ပြီး ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်ခဲ့တဲ့ အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံး နိုင်ပွဲ ၇ ပွဲမှာ ၆ ပွဲက ၁ ဂိုး အသာနဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပြီး၊ ဖူလ်ဟမ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲတစ်ပွဲပဲ ပြတ်ပြတ်သားသား နိုင်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ပီအက်စ်ဂျီမှာ လူးကပ်စ် ချီဗာလီယာ တစ်ဦးတည်း လွဲချော်ဖို့ ရှိနေပြီး အာဆင်နယ် ဘက်မှာလည်း ဘန်ဝှိုက်ပဲ လွဲချော်မှာ ဖြစ်ပါတယ်။ အဓိက ကစားသမား အစုံအလင်နဲ့ ကစားကြမယ့် ပွဲ ဖြစ်တာကြောင့် တော်တော်လေး အကြိတ်အနယ် ရှိဖို့ များပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ပီအက်စ်ဂျီ – ဆာဖိုနော့ဗ်၊ ဇိုင်း-အမ်မရီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ နီးဗက်စ်၊ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ဒူယေး၊ ဒမ်ဘီလီ၊ ခွာဗရတ်စခီလီယာ
အာဆင်နယ် – ရာယာ၊ မော့စ်ကွဲယား၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ လီဝစ်-စကယ်လီ၊ ရိုက်စ်၊ ဆာကာ၊ အိုဒီဂတ်၊ ထရော့ဆက်ဒ်၊ ယောကရက်စ်
ထိပ်တိုက်တွေ့ဆုံမှု
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် လိဂ်အဆင့်တုန်းက အာတေးတားဟာ အန်နရီကေးရဲ့ ပီအက်စ်ဂျီကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ဖူးပေမယ့်၊ နောက်ပိုင်းမှာတော့ ပီအက်စ်ဂျီ ကပဲ ဆီမီးဖိုင်နယ် ကနေ အာဆင်နယ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အခု တစ်နှစ်အကြာ မှာတော့ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဖလားကို နမ်းရှိုက်ပြီး အချိုမြိန်ဆုံး ကလဲ့စားချေခွင့် ရမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၂.၂၈ ဆ၊ အာဆင်နယ် နိုင်ရင် ၂.၉၅ ဆ၊ သရေ ဆိုရင်တော့ ၃.၀၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးလောက်ပဲ ပေါက်နေပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံး အတွက် ၅၀-၅၀ အခွင့်အရေး ရှိနေကြတဲ့ ပွဲ ဖြစ်တာကြောင့် ခန့်မှန်းရခက်ပါတယ်။ ပီအက်စ်ဂျီ ဘက်မှာ အနည်းငယ် Favor ရှိနေကြပေမယ့် အာဆင်နယ် ကလည်း လျှော့တွက်လို့ မရပါဘူး။ ဖီလိုဆိုဖီ မတူတဲ့ နှစ်သင်း တနည်းအားဖြင့် ခံစစ်နဲ့ တိုက်စစ် အားပြိုင်ကြမယ့် ပွဲဖြစ်တာကြောင့် ဘယ်လို ဗျူဟာတွေနဲ့ ကိုယ်စီ ရင်ဆိုင်ကြမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ အာဆင်နယ် ဂိုးအရင် သွင်းရင်တော့ အာဆင်နယ် ဂိမ်း ဖြစ်သွားဖို့ များပါတယ်။ ကျွန်တော် ကတော့ တော်တော်များများရဲ့ အကြိုက်နဲ့ ဆန့်ကျင်ပြီး အာဆင်နယ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ ဂန်းနားတို့ အမှန်တကယ်ပဲ သမိုင်းသစ် ရေးထိုးသွားမလား ဆိုတာ စောင့်ကြည့်ရအောင်ပါ။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ ၁-၂ အာဆင်နယ် (အချိန်ပို)
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


