ညက ကစားသွားတဲ့ အာဆင်နယ်နဲ့ စပို့တင်း တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ၁-၀ ရလဒ်နဲ့ပဲ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို နှစ်နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
၁။ အမ်းမရိတ်ကွင်းအတွင်းက စိုးရိမ်ပူပန်မှုများ
ပွဲမစခင်မှာ မီခဲလ် အာတေးတားက ပရိသတ်တွေကို “ မကြောက်တရားနဲ့ မီးဟုန်းဟုန်းတောက်ပါ” လို့ တောင်းဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ပရိသတ်တွေ အကြား စိုးရိမ်စိတ်တွေက ပိုမို ကြီးစိုးနေခဲ့တာ ငြင်းလို့ မရပါဘူး။ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးကြောင့် ပရိသတ်တွေဟာ ကစားသမားတွေရဲ့ နောက်တန်းက ပေးပို့မှုတွေ ကိုတောင် စိတ်မရှည်နိုင်ဘဲ “ ရှေ့ကိုပဲ ကန်ပါ” လို့ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။ အာတေးတား ကိုယ်တိုင်လည်း ကွင်းဘေးမှာ ပုံမှန်ထက် ပိုမို စိတ်လှုပ်ရှားနေခဲ့ပြီး ပွဲအပြီးမှာ ပရိသတ်တွေရဲ့ သက်ပြင်းချသံတွေက အောင်ပွဲခံသံတွေထက် ပိုမိုကျယ်လောင်နေခဲ့ပါတယ်။
၂။ ‘အဓိက ကစားသမား’ ဖြစ်ဖို့ ကြိုးစားနေဆဲ အက်ဇေး
လေဗာကူဆင်နဲ့ ပွဲမှာ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အက်ဇေးဟာ ဒီပွဲမှာတော့ အသင်းကို ကယ်တင်မယ့် “ အဓိက ကစားသမား” ဖြစ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ စပို့တင်းရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ် မှာတော့ ဂိုးပေါက်နဲ့ လွဲချော်နေခဲ့ပါတယ်။ အထူးသဖြင့် အိုဒီဂတ်လိုမျိုး ပြိုင်ဘက် ကစားသမားတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ပြီး ဖိအားပေးတဲ့ နေရာမှာ အက်ဇေး အနေနဲ့ အများကြီး လေ့လာသင်ယူဖို့ လိုအပ်နေသေးတာကို တွေ့ခဲ့ရပါတယ်။
၃။ ဇူဘီမန်ဒီ အပေါ် ကျရောက်နေတဲ့ ဝေဖန်မှု တိမ်တိုက်များ လွင့်ပြယ်သွားခြင်း

ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းတွေ ဆက်တိုက် ကျဆင်းနေလို့ ဝေဖန်ခံနေရတဲ့ မာတင် ဇူဘီမန်ဒီ အတွက်တော့ ဒီပွဲက အဖြေထုတ်နိုင်တဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။ အရင် ပွဲတွေမှာ အမှားအယွင်းတွေ ရှိခဲ့ပေမယ့် စပို့တင်နဲ့ ပွဲမှာတော့ စပိန်သားက ကွင်းလယ်မှာ အသင်းရဲ့ ကစားကွက်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ အမှားအယွင်း တချို့ ရှိခဲ့တာက ရာယာနဲ့ ဆာလီဘာ တို့ဆီကသာ ဖြစ်ပြီး မာတင် ဇူဘီမန်ဒီ ကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့တဲ့ ဇူဘီမန်ဒီကို ပွဲအပြီးမှာ အသင်းဖော်တွေက ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြပါတယ်။
၄။ ဘန် ဝှိုက် အပေါ် စိတ်ရှည်နိုင်မှု ကုန်ဆုံးသွားခြင်း
ဂျူရီယန် တင်းဘား မပါနိုင်တဲ့ အချိန်မှာ ဘန် ဝှိုက် တယောက် အခွင့်အရေးတွေ ရခဲ့ပေမယ့် မကြာသေးခင်က ပွဲစဉ်တွေမှာ အမှားအယွင်းတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် အာတေးတားရဲ့ စိတ်ရှည်မှုကို စမ်းသပ်သလို ဖြစ်ခဲ့ပါတယ်။ စပို့တင်းနဲ့ ပွဲမှာတော့ အာတေးတားက ဘန်ဝှိုက်ကို ချန်လှပ်ပြီး ၂၁ နှစ် အရွယ် ခရစ်သီယန် မော့စ်ကွဲယားကို ပွဲထုတ်ခဲ့ပါတယ်။ မော့စ်ကွဲယားက တိုက်စစ် လိုက်ပါမှု အပိုင်းမှာ ဘန် ဝှိုက်လောက် ထက်မြက်မှု မရှိသေးပေမဲ့ ခံစစ်ပိုင်း မှာတော့ ကျစ်လျစ်နေစေဖို့ အသင်းကို အများကြီး အကူအညီပေးနိုင်ခဲ့ပါတယ်။
၅။ မန်စီးတီးနဲ့ပွဲ အတွက် တိုက်စစ် အတွဲအဖက်
အခု ချန်ပီယံလိဂ်ပွဲမှာ ပွဲထွက်ခဲ့တဲ့ မာတင်နယ်လီ၊ ယောကရက်စ်နဲ့ မာဒူအေခေ တို့ဟာ လာမယ့် မန်စီးတီးနဲ့ ပွဲအတွက် ယုံကြည်မှု ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ မာဒူအေခေက ဒဏ်ရာ ပြဿနာ ရှိနေသလို၊ ယောကရက်စ် ကလည်း ဘောလုံး ထိန်းသိမ်းပုံတွေက အားနည်းလွန်းနေခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ ပွဲမှာ လူစားဝင် ကစားရင် ပိုကောင်းလေ့ ရှိတဲ့ မာတင်နယ်လီထက် ထရော့ဆက်ဒ်ကို သုံးသင့်ပြီး၊ ယောကရက်စ် အစား ကိုင် ဟာဗတ်ဇ်ကို အထောင် တိုက်စစ်မှူး အဖြစ် ပြန်လည် အသုံးပြုတာက အာတေးတား အတွက် ပိုမိုထိရောက်တဲ့ နည်းဗျူဟာ ဖြစ်လာနိုင်ပါတယ်။
မည်သို့ပင် ဆိုစေကာမူ ဂန်းနားတွေဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ နှစ်နှစ်ဆက် သမိုင်းဝင် စံချိန်နဲ့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ လက်ရှိ ခြေစွမ်းက မန်စီးတီး လိုမျိုး အသင်းကြီးတွေနဲ့ ရင်ဆိုင်ဖို့ အတွက် မေးခွန်းထုတ်စရာ များစွာ ရှိနေသေးသလို စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


