နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘေယန်ကို ရှုံးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ပွဲက ထူးခြားချက် ၄ ခု

ညက ကစားသွားတဲ့ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကတော့ ပထမအကျော့က အတိုင်း အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပွဲစကတည်းက အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီးတော့ ဘေယန်မြူးနစ်က ၄-၃ နဲ့ အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်း ရလဒ် ၆-၄ နဲ့ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန်ပဲ တက်လှမ်းသွားခဲ့ပါတယ်။

 

၁။ ကာမာဗင်ဂါရဲ့ အနာဂတ် အတွက် စမ်းသပ်မှု ကျရှုံးခြင်း

ဒီပွဲရဲ့ အလှည့်အပြောင်းက ခြေစွမ်းပြနေတဲ့ ဘရာဟင်မ် ဒီးယက်ဇ် အစား လူစားဝင်လာတဲ့ အက်ဒူယာဒို ကာမာဗင်ဂါ ဆီက စတင်ခဲ့တာပါ။ နွေရာသီမှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အသက် ၂၃ နှစ် အရွယ် ကွင်းလယ်လူဟာ ဒီပွဲမှာ သူ့ရဲ့ ခြေစွမ်းကို ပြသဖို့ အခွင့်အရေးရခဲ့ပေမယ့် အဆိုးရွားဆုံး အမှားကို လုပ်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၆၀ ကျော်မှ လူစားဝင်လာပြီး ၈ မိနစ် အတွင်း မှာတင် ပေါ့ဆတဲ့ ဖျက်ထုတ်မှုနဲ့ အချိန်ဆွဲခဲ့တာတွေကြောင့် နှစ်ဝါ တစ်နီပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ အထုတ်ခံရပြီး ၃ မိနစ် အကြာမှာပဲ ဘေယန်က အနိုင်ဂိုး သွင်းသွားခဲ့တာကြောင့် ကာမာဗင်ဂါ အတွက်တော့ မက်ဒရစ်မှာ ရှေ့ဆက်ဖို့ လမ်းစပျောက်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

 

၂။ အာဒါ ဂူလာ စူပါစတား အဆင့်သို့ ရောက်ရှိလာခြင်း

တစ်ဖက်မှာ ကာမာဗင်ဂါ ကျရှုံးခဲ့ပေမယ့် အသက် ၂၁ နှစ် အရွယ် တူရကီ ကြယ်ပွင့် အာဒါ ဂူလာ ကတော့ ဥရောပ စင်မြင့်ထက်မှာ သူ့ရဲ့ အစွမ်းအစကို သက်သေပြခဲ့ပါတယ်။ ပွဲစစချင်း ၁ မိနစ် မှာတင် နော်အာရဲ့ အမှားကနေ တဆင့် အဝေးကန်ချက်နဲ့ ဂိုးသွင်းခဲ့သလို၊ ပထမပိုင်းမှာပဲ အလွန်လှပတဲ့ ပြစ်ဒဏ်ဘော ကနေ နောက်ထပ် တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ အသင်းက ရှုံးနိမ့်ခဲ့ပေမယ့် အာဒါ ဂူလာ ကတော့ ပွဲကြီးပွဲကောင်းတွေမှာ အားကိုးရမယ့် ကစားသမားသစ် အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာနိုင်ခဲ့ပါတယ်။

 

၃။ အမ်ဘာပေး အတွက် ချိုမြိန်သလို ခါးသီးခဲ့တဲ့ မှတ်တမ်းများ

ဒါပေမယ့်လည်း ကာမာဗင်ဂါရဲ့ အမှားက ပွဲကို အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ နောက်ဆုံး မိနစ် အနိုင်ဂိုးတွေကြောင့် ရီးရဲလ်တို့ ချန်ပီယံလိဂ် ကနေ စိတ်မကောင်းစရာပဲ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ကို နှစ်ကျော့စလုံး အနိုင်မရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ကီလီယန် အမ်ဘာပေးဟာ ဒဏ်ရာ ရှိနေတဲ့ ကြားကပဲ ခြေစွမ်းပြခဲ့ပါတယ်။ သူဟာ ဗင်နီးစီးယက်စ်၊ ဘယ်လင်ဟမ် တို့နဲ့ ချိတ်ဆက်ပြီး အသင်း အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် အမ်ဘာပေးဟာ ချန်ပီယံလိဂ် တစ်ရာသီတည်းမှာ အဝေးကွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စုစုပေါင်း ၁၅ ဂိုးနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို (၁၇ ဂိုး) ပြီးရင် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းတဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်း ရှုံးနိမ့်သွားတာကြောင့် ဒီမှတ်တမ်းတွေက သူ့အတွက်တော့ ခါးသီးတဲ့ အောင်မြင်မှုတွေ ဖြစ်ခဲ့ရပါတယ်။

 

၄။ နိမိတ်များရဲ့ နိဂုံး

အခုလို ရီးရဲလ်မက်ဒရစ် ပြုတ်သွားတာဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ “ La Profecía” (နိမိတ်ဖတ်ချက်) သီအိုရီ ကိုလည်း အဆုံးသတ်သွားစေခဲ့ပါတယ်။ အရင်က ၂၀၁၅-၁၆ ရာသီတုန်းက အောင်မြင်မှုတွေနဲ့ အခုရာသီ တိုက်ဆိုင်မှုတွေကြောင့် မက်ဒရစ်ဟာ ချန်ပီယံ ဖြစ်ဖို့ ကံပါလာတယ်လို့ လူအများက ယုံကြည်ခဲ့ကြတာပါ။ လာလီဂါမှာ မယုံနိုင်စရာ ရလဒ်တွေနဲ့ ရုန်းကန်နေရပေမယ့် ဥရောပ စင်မြင့်ထက်ကို ရောက်ရင် အမြဲတမ်း အစွမ်းပြလေ့ရှိတဲ့ မက်ဒရစ်ရဲ့ “ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့” ဂုဏ်သတင်းဟာ ဒီတစ်ကြိမ်မှာတော့ ဘေယန်မြူးနစ်ရဲ့ လက်ထဲမှာ နိဂုံးချုပ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ရီးရဲလ်မက်ဒရစ်က အာဒါ ဂူလာနဲ့ ကီလီယန် အမ်ဘာပေး တို့ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာမာဗင်ဂါရဲ့ အမှားက ပွဲကို အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ နောက်ဆုံး မိနစ် အနိုင်ဂိုးတွေကြောင့် ရီးရဲလ်တို့ ချန်ပီယံလိဂ် ကနေ စိတ်မကောင်းစရာပဲ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်