နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက ဖာရန် တောရက်စ် အတွက် မှန်ကန်ရဲ့လား | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ တိုက်စစ်မှူး ဖာရန် တောရက်စ်ကို စာချုပ်သက်တမ်း တိုးမြှင့်ပေးဖို့ ပျက်ကွက်ခဲ့ပြီးနောက် ပီအက်စ်ဂျီဆီ လက်လွှတ်ပေးလိုက်ရဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဖာရန် တောရက်စ်ရဲ့ လှပဆန်းကြယ်လှတဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ သတင်းတွေထဲက နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရတော့ ဘာစီလိုနာ တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း နောက်တစ်ရာသီပဲ ကျန်တော့တဲ့ ဖာရန်ဟာ လွန်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်က စပိန် အသင်း အတွက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်မှာ ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။

အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးက ပြင်သစ် ကလပ် ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ နူးကမ့်ပ်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဆန်းတကြယ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် မပြည့်မီကပဲ ဖာရန်က “ဘာစီလိုနာ အသင်း အနေနဲ့ ကျွန်တော့်ကို လိုချင်တယ် ဆိုတာ သက်သေပြရမယ်” လို့ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပါတယ်။ အခုတော့ သူ့ကို အမှန်တကယ် လိုချင်နေတာ ဘာစီလိုနာ မဟုတ်ဘဲ ပီအက်စ်ဂျီ ဖြစ်နေခဲ့တာပါ။

သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ဂျ်ရဲ့ ဖော်ပြချက်အရ လက်ရှိ ပြင်သစ်နဲ့ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ အသင်းဟာ ဖာရန်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဘာစီလိုနာနဲ့လည်း တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ MARCA သတင်းစာရဲ့ ဖော်ပြချက် မှာတော့ ဖာရန်ဟာ ပီအက်စ်ဂျီနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက သူ့အတွက် ယူရို သန်း ၅၀ ဝန်းကျင်ကို လာလီဂါ ကလပ်ဆီ ပေးချေရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဘာစီလိုနာ အသင်း ဘက်က တိုက်စစ်မှူး ဖြစ်သူကို စာချုပ်သစ်ပေးဖို့ တွန့်ဆုတ်နေခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တာပါ။

 

အကျပ်အတည်းထဲ ကျရောက်သွားတဲ့ ဘာစီလိုနာ

နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့ နောက်ရာသီမှာ ကမ္ဘာ့ဖလား ချန်ပီယံ ကစားသမား ၈ ဦး အထိ အသုံးပြုခွင့် ရရှိတော့မှာ ဖြစ်ပေမယ့် အသင်းမှာ တိုက်စစ်မှူးစစ်စစ် တစ်ဦးမှ မပါဘဲ ရာသီသစ် စတင်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီနွေရာသီမှာ ရောဘတ် လီဝမ်ဒေါစကီးက အမေရိကန် မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်ယာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဖာရန်ဟာ ဖလစ်ခ်ရဲ့ အသင်းမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော နံပါတ် ၉ တိုက်စစ်မှူး ဖြစ်ပါတယ်။

ဒီတော့ ဖာရန်သာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ရင် ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ ဟာကွက်ကြီး အဖြစ် ကျန်ရစ်နေခဲ့တော့မှာပါ။ ရာဖင်ညာနဲ့ လာမင်း ယာမယ် တို့ဟာ တိုက်စစ် အတွက် စွမ်းဆောင်နိုင်မှုတွေ ကောင်းမွန်လှပေမယ့် လာလီဂါ ချန်ပီယံဆုကို ကာကွယ်ဖို့နဲ့ ဥရောပ ချန်ပီယံလိဂ် ဖလားကို အရယူနိုင်ဖို့ ဆိုရင် အဆုံးသတ် သေချာတဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အဓိက လိုအပ်နေပါတယ်။

အသင်းဆီ အသစ် ရောက်ရှိလာကြတဲ့ အန်သိုနီ ဂေါ်ဒွန်နဲ့ ကာရင်မ် အဒီယီမီ တို့ဟာ တိုက်စစ်မှူး နေရာမှာ ကစားနိုင်ကြပေမယ့် တောင်ပံတွေမှာ ကစားတာကမှ သူတို့ရဲ့ အရည်အသွေးကို ပိုမို ထုတ်ဖော်နိုင်မှာပါ။ ဒါ့အပြင် ဘာစီလိုနာ အတွက် ၁၉၃ ပွဲမှာ ၁၂၀ ဂိုး အထိ သွင်းယူပေးခဲ့တဲ့ လီဝမ်ဒေါစကီးရဲ့ သွင်းဂိုး စွမ်းဆောင်ရည်ကို သူတို့ နှစ်ဦးစလုံး မှီဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ဘာစီလိုနာဟာ အက်တလက်တီကို မက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ မျှော်လင့်နေပေမယ့် နည်းပြ ဆီမြွန်နီ ကတော့ သူ့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် ဆွေးနွေးမှုတွေ တိုးတက်မှု မရှိသေးပါဘူး။ တစ်ဖက်မှာလည်း ဘာစီလိုနာရဲ့ ပစ်မှတ်ဟောင်း တစ်ဦး ဖြစ်သူ ဟော့ဖန်ဟိမ်း တိုက်စစ်မှူး ဖစ်စနစ် အဆာလာနီက လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ဖို့ အချိန်နှောင်းမှ ပျက်ပြားသွားခဲ့တာကြောင့် ဘာစီလိုနာ အတွက် ပြန်လည် ခေါ်ယူနိုင်မယ့် အခွင့်အရေး ရရှိလာခဲ့ပါတယ်။

 

ဖာရန် တောရက်စ် ရွေးချယ်မှု မှန်ကန်ရဲ့လား

ဖာရန် လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကနေ ထွက်ခွာချင်ရတဲ့ အဓိက အကြောင်းရင်း ကတော့ ပွဲထွက်ခွင့် ပိုမိုရရှိချင်လို့ပဲ ဖြစ်ပါတယ်။
ဖာရန်ကို လက်လွှတ်ပြီး အဲလ်ဗာရက်ဇ်ကိ ပြနလည် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

ဖာရန် လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကနေ ထွက်ခွာချင်ရတဲ့ အဓိက အကြောင်းရင်း ကတော့ ပွဲထွက်ခွင့် ပိုမိုရရှိချင်လို့ပဲ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ဖလစ်ခ်ရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ မပါဝင်မီ အထိ နှစ်ပေါင်း များစွာ လီဝမ်ဒေါစကီးရဲ့ အရိပ်အောက်မှာပဲ ဖြတ်သန်းခဲ့ရတာပါ။

ဒါပေမယ့် ဖာရန်ရဲ့ ခြေစွမ်းဟာ ပုံမှန် မရှိဘဲ တစ်ပွဲမှာ ဟက်ထရစ် သွင်းယူလိုက်၊ နောက်ပွဲတွေမှာ ခြေစွမ်း ပျောက်သွားလိုက် ဖြစ်လေ့ရှိတာကြောင့် ဖလစ်ခ် အနေနဲ့ တိုက်စစ်မှူး နှစ်ဦးကို အလှည့်ကျ သုံးစွဲခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ဖာရန်ဟာ ၂၀၂၅-၂၆ ရာသီမှာ ၄၉ ပွဲကစား ၂၁ ဂိုး သွင်းယူနိုင်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလား မှာတော့ တစ်ဂိုးတည်း သွင်းယူနိုင်ခဲ့ပေမယ့် အဲဒီဂိုးဟာ ပြိုင်ပွဲတစ်ခုလုံးမှာ အရေးအကြီးဆုံး အနိုင်ဂိုး ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရာသီနှစ်ခု အတွင်း ပီအက်စ်ဂျီရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ကြည့်ရင် သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ပြောင်းပြန်ဖြစ်နေတာ ကတော့ ဖာရန် အနေနဲ့ ၂၀၂၆-၂၇ ရာသီ ဘာစီလိုနာမှာ အမြဲတမ်း ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးထက် နည်းပြ လူးဝစ် အန်နရီကေးရဲ့ ပီအက်စ်ဂျီမှာ ပွဲထွက်ခွင့် ရဖို့ အခွင့်အရေးက ပိုမို နည်းပါးနေတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ ရာသီလုံး ကြိုးစားခဲ့ရတဲ့ ဘာစီလိုနာရဲ့ ပင်တိုင် တိုက်စစ်မှူး နေရာဟာ အခု သူ့လက်ထဲ ရောက်ခါနီး ဖြစ်ပေမယ့် မထင်မှတ်ပဲ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ မှာတော့ အူစမန်နီ ဒမ်ဘီလီက ဒီဆီရီ ဒူးယေး၊ ခါဗီချာ ခွာဗာရတ်စခီလီယာ တို့နဲ့ အတူ တိုက်စစ်ကို ဦးဆောင်နေတာပါ။

နည်းပြ အန်နရီကေးဟာ ကစားသမားတွေကို အလှည့်ကျ အသုံးပြုလေ့ ရှိပြီး အထူးသဖြင့် ရာသီကုန်ခါနီး ချန်ပီယံလိဂ်ပွဲတွေ အရှိန်ရလာချိန်မှာ ပိုမို လုပ်ဆောင်လေ့ရှိတာကြောင့် ဖာရန် အနေနဲ့ လီဂူးဝမ်း ပွဲစဉ် တချို့ မှာတော့ ပါဝင်ကစားခွင့် ရရှိမှာ သေချာပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာ သူလိုချင်တဲ့ ပွဲထွက်ခွင့်နဲ့ ပရိသတ် အာရုံစိုက်မှုကို ရရှိဖို့ဆိုတာ ခက်ခဲနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ မှန်ရော မှန်ရဲ့လား ဆိုတာ စဉ်းစားစရာ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်