ဟိုဆေး မော်ရင်ညို အနေနဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ကိုင်တွယ်ဖို့ တော်တော်လေး ရေပန်းစားနေပါတယ်။ ဒီအချိန်မှာ အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကလည်း စပိန် ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ “နည်းပြကောင်းတစ်ဦး” လိုအပ်နေကြောင်း ဝန်ခံ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဟိုဆေး မော်ရင်ညို တစ်ကျော့ပြန် ရောက်ရှိလာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်ဟာ “နည်းပြကောင်းတစ်ဦး” လိုအပ်နေကြောင်း ဖလော်ရန်တီနို ပီရက်ဇ်က အခိုင်အမာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အခု ၂၀၂၅-၂၀၂၆ ရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရပြီးနောက် မော်ရင်ညို အနေနဲ့ ဒုတိယအကြိမ်မြောက် အဖြစ် လာလီဂါ ကလပ်ကို တာဝန်ယူကိုင်တွယ်ဖို့ သေချာသလောက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက နည်းပြ ဇာဘီ အလွန်ဆို ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ အဲလ်ဗာရို အာဘီလိုအာနဲ့ အစားထိုးခဲ့ပေမယ့် မက်ဒရစ်ဟာ ကိုပါဒယ်ရေး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရသလို၊ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ဘေယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။
ဒါ့အပြင် လာလီဂါ ပြိုင်ပွဲ မှာလည်း အမှတ်ဖြတ်ခံရပြီး ဘာစီလိုနာ အသင်းရဲ့ နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာကြောင့်၊ အခုအခါ မှာတော့ မက်ဒရစ်ဟာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ် အထိ အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း မော်ရင်ညို ဘက်ကို ပြန်လည် လှည့်ပြောင်းလာပုံ ရပါတယ်။
လက်ရှိမှာ ဘင်ဖီကာကို ကိုင်တွယ်နေတဲ့ မော်ရင်ညိုဟာ မက်ဒရစ်ကို အရင်က ကိုင်တွယ်ခဲ့စဉ် အတွင်း လာလီဂါ ချန်ပီယံဆု တစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ပွဲပေါင်း ၁၇၄ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၂၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး အနိုင်ရရှိမှု ရာခိုင်နှုန်း ၇၂.၄ ရာခိုင်နှုန်း အထိ ရှိခဲ့သူ ဖြစ်ပါတယ်။

စပိန် အမျိုးသား ရုပ်သံလိုင်း တစ်ခု ဖြစ်တဲ့ TVE နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဥက္ကဋ္ဌ ပီရက်ဇ်က အခုလို ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမှာ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်၊ အာဒါ ဂူလာ၊ ဗယ်လ်ဗာဒီ၊ ချူအာမန်နီ တို့ ရှိနေပါတယ်။ သူတို့တွေက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပါ။ ဒီလို ကစားသမားကောင်းတွေနဲ့ အတူ ‘နည်းပြကောင်း တစ်ဦး’ သာ ရှိမယ် ဆိုရင် သူတို့ဟာ ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် နောက်ထပ် အလွန်အရေးပါတဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။” လို့ ပီရက်ဇ်က ဆိုပါတယ်။
မော်ရင်ညိုနဲ့ ပတ်သက်ပြီး တိုက်ရိုက် မေးမြန်းမှု ကိုတော့ “သူက တကယ့်ကို နည်းပြကောင်း တစ်ဦး ဆိုတာ ရှင်းပါတယ်။” လို့ ပီရက်ဇ်က ဖြေကြားခဲ့ပါတယ်။ မက်ဒရစ်ရဲ့ သက်တမ်းရှည် ဥက္ကဋ္ဌ ဖြစ်တဲ့ ပီရက်ဇ်ဟာ ပြီးခဲ့တဲ့ လအစောပိုင်းက အသင်း ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပဖို့ ဆော်သြခဲ့ပြီး၊ အခုအခါ မှာတော့ အသင်းရဲ့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် မဲခွဲဆုံးဖြတ်မှုမှာ အန်နရီကေး ရီကွယ်လ်မီနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဟိုဆေး မော်ရင်ညိုနဲ့ လာလီဂါ ကလပ်တို့ အကြားမှာ အလုံးစုံ သဘောတူညီမှု ရရှိထားခဲ့သလို အသင်း ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း ဘင်ဖီကာ ဘက်ကို ပြီးခဲ့တဲ့ တစ်ပတ်လောက် ကတည်းက အသိပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ တချို့သော ပရိသတ်တွေ ကတော့ တချိန်က အသင်းနဲ့ လမိုင်းမကပ်ခဲ့ဖူးတဲ့ မော်ရင်ညိုကို လိုလားခြင်း မရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


