တော့တင်ဟမ်ဟော့စပါး – ဘရိုက်တန်
အခုတစ်ပတ် စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဘရိုက်တန် တို့ ထိပ်တိုက် တွေ့ဆုံမယ့် “ ရောဘတ်တို ဒီဇာဘီ ဒါဘီ” ပွဲစဉ် ရှိနေပါတယ်။ စပါးဟာ နည်းပြသစ် ဒီဇာဘီရဲ့ လက်ထက် ပထမဆုံး ပွဲမှာတင် ဆန်းဒါးလန်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အရင်အတိုင်း ရုန်းကန်နေရဆဲ ဖြစ်သလို၊ ဘရိုက်တန် ကတော့ ဘန်လေကို ၂-၀ နဲ့ အနိုင်ယူပြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး
စပါး အတွက် ကတော့ တိမ်တိုက်မဲတွေထဲ ကနေ ရုန်းထွက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အသင်း အတွက် ဒီဇာဘီရဲ့ အစပြုမှုဟာ အလင်းရောင်ကွင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ ရှုံးပွဲကြုံခဲ့ရရုံ သာမက ဂိုးလည်း မသွင်းနိုင်ခဲ့သလို၊ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယိုပါ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမယ့် သတင်းဆိုးနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲမြောက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ တန်းဆင်းဇုန်ရဲ့ အောက် ၂ မှတ် အကွာမှာ ရောက်ရှိနေပါတယ်။ ရာသီကုန်ဖို့ ၆ ပွဲသာ လိုတော့တဲ့အချိန်မှာ အဆင့် ၁၈ နေရာမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ စပါးဟာ ၂၀၂၆ ခုနှစ်ထဲ ရောက်ကတည်းက ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ဒါဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်တစ်နှစ်ရဲ့ အစပိုင်းမှာ နိုင်ပွဲ အကြာဆုံး ပျောက်ဆုံးခဲ့တဲ့ စတုတ္ထမြောက် စံချိန်ဆိုး ဖြစ်ပြီး အရင်က ဒီလို ဖြစ်ခဲ့တဲ့ ၃ သင်းစလုံး ရာသီကုန်မှာ တန်းဆင်းခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာ အက်သလက်တီကို မက်ဒရစ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်တွေ မှာတော့ ၁၀ မှတ်သာ ရရှိထားတာကြောင့် စပါးရဲ့ အိမ်ကွင်း မှတ်တမ်းဟာ လိဂ်မှာ အဆိုးဆုံး ဖြစ်နေပါတယ်။
ဘရိုက်တန်

ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၉ မှတ်အပြည့် ရယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ စပါးတို့ တစ်ရာသီလုံး အိမ်ကွင်းမှာ ရထားတဲ့ ရမှတ်ထက် ၁ မှတ်သာ လျော့နည်းတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်း၊ လစ်ဗာပူးလ်နဲ့ ဘန်လေ တို့ကို ဆက်တိုက် အနိုင်ယူထားပြီး နောက်ဆုံး ၆ ပွဲမှာ ၁၅ မှတ် အထိ ရယူထားနိုင်တာကြောင့် လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွမ်း အကောင်းဆုံး အသင်း ဖြစ်နေပါတယ်။ လက်ရှိ အဆင့် ၉ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်ဟာ အဆင့် ၆ က ချဲလ်ဆီးနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။ အခုပွဲမှာသာ အနိုင်ရခဲ့ရင် အဝေးကွင်း ၄ ပွဲ ဆက်တိုက် အနိုင်ရတဲ့ ကလပ်ရဲ့ သမိုင်းသစ်ကို စိုက်ထူနိုင်မှာ ဖြစ်သလို၊ နောက်ဆုံး အဝေးကွင်း ၃ ပွဲ စလုံးမှာလည်း ပေးဂိုး မရှိ (Clean Sheet) ရယူထားနိုင်ခဲ့ပါတယ်။ နည်းပြဟောင်း ဒီဇာဘီကို ပြန်လည် ရင်ဆိုင်ရမယ့် ဘရိုက်တန်ဟာ စပါးရဲ့ အားနည်းနေတဲ့ အိမ်ကွင်း ခြေစွမ်းကို အခွင့်ကောင်းယူပြီး ဥရောပ ဝင်ခွင့် အတွက် ရမှတ်တွေ ဆက်လက် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ စပါး ဘက်က ကူဒု့စ်၊ ဗစ်ကာရီယို၊ ဘန်ဒေးဗီးစ်၊ ရိုမီယို၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဘန်တန်ကော်၊ အော်ဒိုဘတ် တို့ လွဲချော်ကြပါမယ်။ ဘရိုက်တန် ဘက်မှာတော့ ဝက်ဘ်စတား၊ ဒန့်ခ် (ပွဲပယ်)နဲ့ ဇီမက်စ် တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
တော့တင်ဟမ်ဟော့စပါး – ကင်စကီး၊ ပေါ်ရို၊ ဒန်ဆို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဂရေး၊ ဂယ်လာဟာ၊ တဲလ်၊ ဆီမွန်စ်၊ ရစ်ချာလီဆင်၊ ဆိုလန်ကီ
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဗန်ဟက်ကီ၊ ဘော့စ်ကာဂလီ၊ ကာဒီယိုဂလူ၊ အယာရီ၊ ဂရော့စ်၊ ဂိုမက်ဇ်၊ ဟင်ရှဲလ်ဝုဒ်၊ မင်တာ့ရ်၊ ဝဲလ်ဘက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘရိုက်တန်ဟာ စပါးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ မှတ်တမ်းရှိသလို၊ စပါးနဲ့ နောက်ဆုံး တွေ့ထားတဲ့ ၃ ပွဲ စလုံး မှာလည်း ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဘရိုက်တန်က စပါးကို ၃ ကြိမ် နိုင်ထားပြီး ၁ ကြိမ် သရေ၊ ၁ ကြိမ် ရှုံး ကစားထားပါတယ်။ စပါး အိမ်ကွင်း နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ စပါးက ၃ ကြိမ်နိုင်ပြီး ဘရိုက်တန်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ထူးခြားချက်က ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်း သရေကျတာ နည်းပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ စပါး နိုင်ရင် ၂.၆၉ ဆ၊ ဘရိုက်တန် နိုင်ရင် ၂.၃၁ ဆ၊ သရေ ဆိုရင်တော့ ၃.၃၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘရိုက်တန် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ စပါးက နည်းပြသစ် ဒီဇာဘီရဲ့ ပထမဆုံး ပွဲဦးထွက်မှာ အရင်ကထက် စာရင် အနည်းငယ် စိတ်ဓာတ်တက်ကြွလာတာမျိုး ရှိနိုင်ပေမယ့် တိုက်စစ် ကတော့ ဂိုးရဖို့ သိသိသာသာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အခု သူတို့ ရင်ဆိုင်ရမှာက နောက်ဆုံး ၆ ပွဲ အတွင်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်း ပြနေတဲ့ ဘရိုက်တန် ဖြစ်ပါတယ်။ စပါးက အဝေးကွင်းထက် အိမ်ကွင်း ရလဒ်ကလည်း ပိုဆိုးနေတာကြောင့် ဒီပွဲမှာလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ကစားမယ့် ဘရိုက်တန် ကိုပဲ ပိုပြီး ယုံကြည်ထားသင့်ပါတယ်။ စပါးတို့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်ရဦးမှာပါ။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၁-၂ ဘရိုက်တန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


