ချဲလ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား ကိုးလ် ပါးလ်မားက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ပထမဆုံး အကြိမ် တုံ့ပြန်လာပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေ ကိုလည်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ပါးလ်မားဟာ ၂၀၃၃ ခုနှစ် အထိ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ရှိနေသူပါ။ မကြာသေးမီက သူ့ရဲ့ ဇာတိမြေ မန်ချက်စတာကို ပြန်ပြီး သူငယ်စဉ်က အားပေးခဲ့တဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် The Guardian နဲ့ အင်တာဗျူးမှာတော့ သူက အခုလိုပဲ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
ပါးလ်မားက “လူတွေက အမျိုးမျိုးပြောနေကြတာပါ။ အဲ့ဒီ သတင်းတွေကို မြင်ရင် ကျွန်တော် ရယ်ပဲ ရယ်မိတယ်။ မန်ချက်စတာက ကျွန်တော့်အိမ် ဆိုပေမယ့် အဲ့ဒီကို သိပ်မလွမ်းပါဘူး။ အိမ်ပြန်ရောက်ရင်တောင် အဲ့ဒီမှာ ကျွန်တော့် အတွက် ဘာမှမရှိတော့ဘူးလို့ ခံစားရတယ်။ ချဲလ်ဆီး ကနေ ထွက်ဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။” လို့ ဆိုပါတယ်။
ဒါ့အပြင် ပါးလ်မားက အသင်းက အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားဖို့ ရှိနေသလို၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ကလည်း အသင်း အတွက် ကစားသမားကောင်းတွေ ခေါ်ယူနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ရုန်းကန်နေရတဲ့ ရာသီနဲ့ ဒဏ်ရာပြဿနာ

ချဲလ်ဆီးဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၄ မှတ် အကွာမှာ ရှိနေပါတယ်။ ပါးလ်မား ကိုယ်တိုင်လည်း အရင်နှစ်တွေက ဂိုးပါဝင် ပတ်သက်မှု အကြိမ် ၃၀ ကျော် ရှိခဲ့ပေမယ့် ဒီရာသီ မှာတော့ ဒဏ်ရာကြောင့် ၁၃ ဂိုးသာ ပါဝင် ပတ်သတ်ထားနိုင်ပါသေးတယ်။ ပါးလ်မားက ပေါင်ခြံ ဒဏ်ရာကြောင့် ၁၂ ပတ်ကြာ အနားယူခဲ့ရပြီး ဒီဇင်ဘာလ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ပြန်ပါလာခဲ့ပေမယ့် အဲ့ဒီအချိန်က အမြန်နှုန်းနဲ့ မပြေးနိုင်သေးဘူးလို့ သူက ဝန်ခံခဲ့ပါတယ်။
အဲဒီနောက် ပါးလ်မားက ရာသီဝက်မှာ ရောက်လာတဲ့ နည်းပြသစ်ဟာ ကြိုတင် ပြင်ဆင်ချိန် မရခဲ့တာကြောင့် ခက်ခဲနေတာ ဖြစ်ပြီး၊ လာမယ့်ရာသီမှာ နည်းပြရဲ့ အတွေးအခေါ်တွေနဲ့ အတူ အသင်းဟာ ပိုကောင်းလာလိမ့်မယ်လို့ ပါးလ်မားက ယုံကြည်နေပါတယ်။
ချဲလ်ဆီးရဲ့ စီမံကိန်းအပေါ် ယုံကြည်မှု
အသင်းဖော်တွေ ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ် နဲ့ ကူကူရယ်လာ တို့က အသင်းရဲ့ အခြေအနေအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ကြပေမယ့် ပါးလ်မား ကတော့ အသင်းပိုင်ရှင်တွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပါးလ်မားတင်မကဘဲ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒို တို့ဟာလည်း ၂၀၃၃ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားကြပြီး အသင်းပိုင်ရှင်တွေနဲ့ တိုင်ပင်ကာ အသင်း တိုးတက်ဖို့ လုပ်ဆောင်နေကြပါတယ်။ အကယ်၍ ဒီနွေရာသီမှာ မှန်ကန်တဲ့ ကစားသမားတွေ၊ မှန်ကန်တဲ့ စရိုက်လက္ခဏာရှိသူတွေကို ခေါ်ယူနိုင်ရင် လာမယ့်ရာသီမှာ ဆုဖလားတွေ အတွက် ယှဉ်ပြိုင်နိုင်မယ်လို့ သူက ဆိုပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ရည်မှန်းချက်
ပါးလ်မားရဲ့ လက်ရှိ အဓိက ပန်းတိုင် ကတော့ ရာသီကုန် အထိ ချဲလ်ဆီး အတွက် အကောင်းဆုံး ပုံစံပြန်ရအောင် ကြိုးစားပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင် ကစားခွင့် ရဖို့ပဲ ဖြစ်ပါတယ်။လက်ရှိမှာ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးထားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါ့အပြင် လီယမ် ရိုစီနီယာရဲ့ အသင်းက ဒီတပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ အရေးကြီး ပွဲစဉ် ကစားရဖို့ ရှိပြီး မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


