နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီ မကြာခင် ပြန်လာမယ်လို့ ယုံကြည်နေပြီး မာမွတ်ရှ်ရဲ့ အနာဂတ် အတွက် အကြံပေးလိုက်တဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ကမ္ဘာ့ဖလား ချန်ပီယံ စပိန် ကွင်းလယ်လူ ရိုဒရီ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ် ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒါပေမယ့် မန်စီးတီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ ရိုဒရီ အသင်းနဲ့ ပြန်လည် ပူးပေါင်းလာဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မာရက်စ်ကာက တိုက်စစ်မှူး အိုမာ မာမွတ်ရှ် အနေနဲ့လည်း အနာဂတ် အတွက်လည်း ဆုံးဖြတ်ချက်ချရတော့မယ်လို့ သတိပေးလိုက်ပါတယ်။

မန်ချက်စတာစီးတီး နည်းပြသစ် အန်ဇို မာရက်စကာက ရိုဒရီ အနေနဲ့ လာမယ့် ရက်ပိုင်း အတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းလာလိမ့်မယ်လို့ မျှော်လင့်ထားသလို တိုက်စစ်မှူး အိုမာ မာမွတ်ရှ် အနေနဲ့လည်း သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ရတော့မယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ စပိန် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူထားတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး အပြောင်းအရွှေ့ သတင်းရေစီးကြောင်းရဲ့ ဗဟိုချက်မှာ ရောက်ရှိနေတာပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ ရိုဒရီကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု ရှိနေပေမယ့် ၂၀၂၄ ဘယ်လွန်ဒေါဆုရှင် ရိုဒရီဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အာဂျင်တီးနားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးတည်းက အနားယူနေတဲ့ ရိုဒရီဟာ ဒီတစ်ပတ် အတွင်း ပရီးမီးယားလိဂ် ကလပ်ဆီ ပြန်လည် ရောက်ရှိလာတော့မှာပါ။

တောင်ကိုရီးယားမှာ ကစားခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပြီးမှာ နည်းပြ မာရက်စကာက “လက်ရှိ အခြေအနေအရတော့ သူဟာ သောကြာနေ့မှာ မန်ချက်စတာကို ရောက်ရှိလာပါလိမ့်မယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာလင်း ဟာလန်း မပါဝင်နိုင်မှုကို အခွင့်ကောင်းယူပြီး အီဂျစ် တိုက်စစ်မှူး မာမွတ်ရှ်က ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ မာမွတ်ရှ်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး အတွက် ၃၆ ပွဲ ပါဝင် ကစားခဲ့ရာမှာ ၁၆ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်သားဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါကြောင့် အီဂျစ်သားဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ အိုမာ မာမွတ်ရှ်

နည်းပြ မာရက်စကာ ကတော့ မာမွတ်ရှ်ရဲ့ အနာဂတ်ဟာ ကစားသမား ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် လိဒ်စ်ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ရဲ့ အခြေအနေနဲ့ မာမွတ်ရှ်ကို နှိုင်းယှဉ်ပြီး “ဂျိမ်းစ် ထရက်ဖို့ဒ်နဲ့ ပတ်သက်လို့ ကျွန်တော် ဖြေခဲ့ဖူးတဲ့ အဖြေအတိုင်းပါပဲ။ ကစားသမားတွေဟာ နေ့တိုင်း ကြိုးစား လေ့ကျင့်နေကြတာ ပွဲထွက်ကစားချင်လို့ပါ။ ပွဲထွက်ခွင့် မရတဲ့ အခါ သူတို့ မပျော်ကြပါဘူး။ အိုမာဟာ ပြီးခဲ့တဲ့နှစ်က ပွဲချိန်အများကြီး မကစားခဲ့ရတာကြောင့် ပွဲချိန် ပိုရချင်တဲ့ ဆန္ဒရှိမှာပါ။ ဒါပေမယ့် ဒီမှာ ပွဲချိန် ပိုမရနိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် မှာလည်း မူတည်ပါတယ်”လို့ Manchester Evening News ကို ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မာမွတ်ရှ် ကတော့ လက်ရှိ စိန်ခေါ်မှုတွေကို သဘောကျနေဟန် ရှိပါတယ်။ “ကျွန်တော် တကယ်ကို ပျော်ရွှင်နေပါတယ်။ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ သွင်းဂိုးတွေ ရတာဟာ ယုံကြည်မှု တိုးစေသလို ကစားဟန် စီးဆင်းမှုကိုလည်း အထောက်အကူပြုပါတယ်။ ရာသီကြို ပြင်ဆင်မှုမှာ အခုလို ဂိုးသွင်းနိုင်တာက ယုံကြည်မှု ပိုရစေပြီး နောက်လာမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် အဆင်သင့် ဖြစ်စေပါတယ်။”

“ကျွန်တော်တို့ နည်းပြသစ်ရဲ့ နည်းဗျူဟာအသစ်တွေ၊ ကစားကွက် ပုံစံတွေနဲ့ နည်းပြ တောင်းဆိုတဲ့ အရာတွေကို သင်ယူဖို့ ကြိုးစားနေကြပြီး အခုဆိုရင် အသားကျစပြုနေပါပြီ။ ၁၀ နှစ်တာ ကာလ အတွင်း ပပ် ဂွါဒီယိုလာ ဒီမှာ စွမ်းဆောင်သွားခဲ့တာတွေက တကယ်ကို မယုံနိုင်စရာပါ။ အပြောင်းအလဲ အပြီးမှာ လွယ်ကူမှာ မဟုတ်ပေမဲ့ ကျွန်တော်တို့ အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အိမ်ပြန်ရောက်ရင်လည်း ဒီထက်မက ဆက်လက် ကြိုးစားသွားပါမယ်” လို့ မန်စီးတီး အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်