လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေပေမယ့် အသုံးချဖို့ မရှိသလောက် နည်းပါးလာကြောင်း သိရပါတယ်။ ဒီလိုမျိုး သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း ၎င်းကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလာကြောင်း သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၅-၂၆ ရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ဘာစီလိုနာမှာ အငှားနဲ့ လာရောက် ကစားနေပြီး ရလဒ်ပိုင်း ကတော့ အတက်အကျ ရှိနေပါတယ်။ ကတ်တာလန် ကလပ်ဟာ ယူ သန်း ၃၀ (ပေါင် ၂၅.၉ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိနေပေမယ့်လည်း အဲဒီအခွင့်အရေးကို အသုံးချလိမ့်မယ်လို့ မမျှော်လင့်ရပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်နေတဲ့ ဘာစီလိုနာဟာ ဒီဈေးနှုန်းထက် ပိုမိုသက်သာသော ဈေးနဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းနေပေမယ့်လည်း ယူနိုက်တက် အသင်း ဘက်က လျှော့ပေးရန် အစီအစဉ် မရှိလို့ သိရပါတယ်။ အကယ်၍ ရက်ရှ်ဖို့ဒ် အနေနဲ့ ဘာစီလိုနာမှာ ဆက်နေဖြစ်ရင်တောင် နောက်ထပ် အငှားစာချုပ်နဲ့သာ ဖြစ်နိုင်ချေ ရှိနေပါတယ်။
တကယ်တော့ ရကရှ်ဖို့ဒ် အနေနဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ လမ်းစ မမြင်ရသေးပါဘူး။ ဇန်နဝါရီလမှာ ရူဘင် အမော်ရင် ထွက်ခွာသွားခဲ့ခြင်းက သူ့ အတွက် အထောက်အကူ ဖြစ်စေနိုင်ပေမယ့်လည်း လက်ရှိ ယူနိုက်တက်မှာ ဘယ်တောင်ပံနေရာမှာ ကွက်တိ ဖြစ်မယ့် ကစားဟန်မျိုး မရှိသေးပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတိုင်မီကလို ခြေစွမ်းမျိုး ပြန်ရပါ့မလား ဆိုတဲ့ စိုးရိမ်မှုနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ မြင့်မားတဲ့ လစာငွေ ကလည်း အတားအဆီး တစ်ခု ဖြစ်နေပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ ဘေယန်မြူးနစ် တို့က ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဘာကြောင့် အာဆင်နယ်နဲ့ ဘေယန်မြူးနစ် တို့က စိတ်ဝင်စားနေသလဲ
အာဆင်နယ်ရဲ့ ဘယ်တောင်ပံနေရာဟာ တိုက်စစ်ပိုင်းမှာ အားနည်းချက် အရှိဆုံးလို့ ပြောလို့ ရပါတယ်။ ထရော့ဆက်ဒ်က အားကိုးရပေမယ့်လည်း အကန့်အသတ် များစွာ ရှိနေပါတယ်။ မာတင်နယ်လီ ကတော့ ပုံမှန် ခြေစွမ်း ရဖို့ ရုန်းကန်နေရပြီး သူ့ကို ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။ အကယ်၍ ရက်ရှ်ဖို့ဒ်သာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ၂၀၁၄ ခုနှစ်က ဒန်နီ ဝဲလ်ဘတ် မန်ချက်စတာ ကနေ လန်ဒန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် အတွက်တော့ ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှ နောက်ထပ် ခေါ်ယူမယ့် ကစားသမား ဖြစ်လာပါလိမ့်မယ်။ ဟာရီကိန်း၊ အိုလီဆေးနဲ့ လူးဝစ် ဒီးယက်ဇ် တို့ဟာ ဘေယန်မြူးနစ် တိုက်စစ်ကို မြှင့်တင်ပေးထားပေမယ့်လည်း ရက်ရှ်ဖို့ဒ်က တိုက်စစ် နေရာစုံ ကစားနိုင်တဲ့ အတွက် အရံ အင်အားကောင်း တစ်ခု အဖြစ် အသုံးဝင်နိုင်ပါတယ်။
ယူနိုက်တက်က ရက်ရှ်ဖို့ဒ် နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲ

မကြာသေးမီလတွေ အတွင်း ယူနိုက်တက်က မားသီးယပ်စ် ကူညာကို ဘယ်တောင်ပံမှာ အသုံးပြုခဲ့ပေမယ့်လည်း သူ့ရဲ့ အကြိုက်ဆုံး နေရာက ဗဟိုတိုက်စစ် ဖြစ်ပါတယ်။ မေဆန်မောင့်နဲ့ ပက်ထရစ် ဒေါဂူ တို့ကိုလည်း အဲဒီနေရာမှာ စမ်းသပ်ခဲ့ပေမယ့်လည်း အဆင်မပြေသေးပါဘူး။
ယူနိုက်တက်တို့ စဉ်းစားနိုင်တဲ့ အစားထိုးမယ့်သူတွေ အဖြစ်တော့ ရာဖေးလ် လီယောင်က ထိပ်ဆုံးက ရှိနေပါတယ်။ အေစီမီလန်က ပေါ်တူဂီ ကြယ်ပွင့်ကို ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ရနိုင်ပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကို အရင်ဆုံး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ဦး ကတော့ မော်ဂန် ရော်ဂျာစ် ဖြစ်ပြီး အက်စတွန်ဗီလာ ကြယ်ပွင့် ကတော့ နံပါတ် ၁၀ နေရာမှာ ပိုကောင်းပေမယ့်လည်း ယူနိုက်ကတ်နဲ့ ပွဲမှာ ဘယ်တောင်ပံ ကနေ ဂိုးသွင်းပြခဲ့ဖူးပါတယ်။
ယူနိုက်တက်က လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီကို ချိတ်ဆက်နေပေမယ့်လည်း သူ့ရဲ့ ဈေးနှုန်းက သန်း ၁၀၀ ကျော် အထိ ရှိနိုင်တဲ့ အတွက် စွန့်စားမှု တစ်ခု ဖြစ်လာနိုင်ပါတယ်။
အကျဉ်းချုပ် အားဖြင့် ဆိုရရင်တော့ လက်ရှိမှာ ရက်ရှ်ဖို့ဒ် အနေနဲ့ ယူနိုက်တက်ဆီ ပြန်လာမလား ဒါမှမဟုတ် အသင်းသစ်ဆီ ပြောင်းရွှေ့မည်လား ဆိုတာ ကတော့ လာမယ့် နွေရာသီမှာ သိရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


