ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူသစ် စာရင်းမှာ လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ အာအို တာနာကာက အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂျပန် ကွင်းလယ်လူဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အယ်လန်ရုဒ် ကနေ ထွက်ခွာချင်နေပြီး ယူနိုက်တက်မှာ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ပစ်မှတ်ထားခံနေရတာပါ။
မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်း ပစ်မှတ် ကတော့ အဲလီယော့တ် အန်ဒါဆန် ဖြစ်နေဆဲပါ။ ဒါပေမယ့် မန်စီးတီးနဲ့လည်း အပြိုင်အဆိုင် ဖြစ်နေပြီး နော့တင်ဟမ်ဖောရက်စ် အလိုရှိတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မယ့် အသင်း ကသာ ဒီအင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
အတ္တလန္တာ ကွင်းလယ်လူ အီဒါဆန် ကိုလည်း မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်နေပေမယ့် အာဆင်နယ် ကပါ ကြားဖြတ် လုယူဖို့ ကြိုးစားလာပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၅၀ သန်း ဝန်းကျင် ရှိနေပါတယ်။
ဒီနွေရာသီမှာ အလွတ် အေးဂျင့် ဖြစ်လာမယ့် ဘုန်းမောက် နောက်ခံလူ မားကို့စ် ဆီနက်စီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ကို ကျော်ဖြတ်ပြီး အသင်းရဲ့ ခံစစ်အားနည်းချက်ကို ဖြည့်ဆည်းဖို့ အာဂျင်တီးနားသားကို အဖြေ တစ်ခု အဖြစ် ရှုမြင်နေတာပါ။
ချဲလ်ဆီးဟာ ဝါဒါဘရီမင် ဗဟိုနောက်ခံလူ ကာရင်မ် ကူလီဘလီကို မျက်စိကျနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်၊ ပီအက်စ်ဂျီနဲ့ မာဆေးလ် အသင်းတွေနဲ့ပါ အပြိုင်လုရမှာပါ။
ဘေယန်မြူးနစ်က နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒန်ကို အဆင့်မြင့်မြင့် အကဲဖြတ်ထားပြီး လူးဝစ် ဒီးယက်ဇ်၊ ဟယ်ရီကိန်း ဒါမှမဟုတ် မိုက်ကယ် အိုလီဆေး တို့ရဲ့ နေရာမှာ အစားထိုး ကစားနိုင်မယ့် ဘက်စုံသုံး တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂျူ့ဒ် ဘယ်လင်ဂမ်နဲ့ ဗင်နီးစီးယက်စ် တို့ကို “ မရောင်းနိုင်တဲ့ ကစားသမား” စာရင်းထဲမှာ မထားတော့ပါဘူး။ အထူးသဖြင့် ဗင်နီးစီးယက်စ် အတွက် ဆော်ဒီက ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းလာရင် အသင်းကို အကြီးစား ပြုပြင်ပြောင်းလဲဖို့ အတွက် ရောင်းချဖွယ် ရှိပါတယ်။
ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နံပါတ် (၁) ပစ်မှတ် ကတော့ ဟူလီယန် အဲလ်ဗာရက်ဇ် ဖြစ်ပါတယ်။ ဒါပေမယ့် အက်တလက်တီကိုမက်ဒရစ် ဘက်က အဲလ်ဗာရက်ဇ်ကို လစာတိုးပေးပြီး ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာက ဆက်ထိန်းချင်နေပေမယ့် ပေါင် ၂၆ သန်းတန် အပြီးသတ် ဝယ်ယူရမယ့် အပိုဒ်ကို ရှောင်လွှဲဖို့ နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ပဲ လိုချင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပေမယ့် ဘေယန်မြူးနစ် ကတော့ မိုက်ကယ် အိုလီဆေးကို လုံးဝ လက်မလွှတ်နိုင်ကြောင်း တုံ့ပြန်ထားပါတယ်။
လေဗာကူဆင်ရဲ့ အလက်ဟန်ဒရို ဂရီမဲလ်ဒိုဟာ စပိန်ကို ပြန်ချင်နေပြီး ဘာစီလိုနာ၊ အက်သလက်တီကို အပြင် အီတလီ ကလပ် ဂျူဗင်တပ်စ်နဲ့ အေစီမီလန် တို့ကလည်း စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


