နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စိန်ခေါ်မှုအသစ်၊ လိဂ်အသစ် တစ်ခုဆီ ရွှေ့ပြောင်းဖို့ အေစီမီလန် ကနေ ထွက်ခွာလိုနေတဲ့ လီယာအို | စီးရီးအေ

အေစီမီလန် ကတော့ စီးရီးအေ အဆင့် ၅ နေရာနဲ့သာ ရာသီသိမ်းခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ရပြီးနောက်၊ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရာဖေးလ် လီယာအို ကလည်း အသင်း ကနေ ထွက်ခွာလိုနေပြီ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် လီယာအိုက အေစီမီလန် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက်မှာ အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုလိုက်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ လီယာအိုဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီ အသင်း ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး၊ ပြိုင်ပွဲစုံ ၂၉၁ ပွဲမှာ ဂိုး ၈၀ သွင်း၊ ၅၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာတော့ ပွဲထွက်ခွင့် ၂၅ ပွဲသာ ရရှိခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး လီယာအို အနေဖြင့် အေစီမီလန် အသင်း စီးရီးအေ အဆင့် ၅ နေရာ နဲ့သာ ရာသီပိတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရမှုကို မကယ်တင်နိုင်ခဲ့ပါဘူး။

၂၀၁၉-၂၀၂၀ ဘောလုံး ရာသီ စတင်ချိန်က စပြီး လီယာအို ပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၃၅ ဂိုးမှာ အဲဒီ ကာလ အတွင်း တခြား ဘယ်မီလန် ကစားသမားထက်မဆို ဂိုး ၆၀ အထိ ပိုမို များပြားနေတာပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ခြေစွမ်းပြ ကစားသမားက ဆန်စီရို ကနေ ထွက်ခွာချင်နေပြီ ဖြစ်ကြောင်း ၎င်းကိုယ်တိုင် အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကျွန်တော့် အနေနဲ့ အေစီမီလန် အတွက် အရာအားလုံး ပေးဆပ်ခဲ့ပြီးပါပြီ။ ဒီကလပ်ဟာ ကျွန်တော့်ကို အများကြီး ကြီးထွား ရင့်ကျက်လာအောင် ကူညီပေးခဲ့သလို၊ ခက်ခဲတဲ့ အချိန်တွေ မှာလည်း ပံ့ပိုးပေးခဲ့ပါတယ်” လို့ အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးက Sport TV ကို ပြောကြားခဲ့ပါတယ်။

လီယာအိုဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီ အသင်း ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး၊ ပြိုင်ပွဲစုံ ၂၉၁ ပွဲမှာ ဂိုး ၈၀ သွင်း၊ ၅၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ထိပ်တန်း ကလပ် များစွာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ရာဖေးလ် လီယာအို

“ကံကောင်း ထောက်မစွာနဲ့ပဲ ကျွန်တော် အသင်းရဲ့ သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိကြတာပဲလေ။ ကျွန်တော်လည်း လိဂ်အသစ် တစ်ခုမှာ စိန်ခေါ်မှု အသစ် တစ်ခုကို ရင်ဆိုင်ဖို့ အိပ်မက် ရှိပါတယ်။ တကယ်လို့ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ကျွန်တော် အေစီမီလန်မှာ ကျွန်တော့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီးပြီမို့လို့ အရမ်းကို ပျော်ရွှင် ကျေနပ်မိမှာပါ။” လို့ လီယာအိုက ဆိုပါတယ်။

လောလောဆယ်မှာ လီယာအိုက ဥရောပ ထိပ်တန်း အဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင် ကစားနိုင်ဖို့ မျှော်မှန်းထားပေမယ့်လည်း၊ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပေါ်တူဂီ လက်ရွေးစင် အသင်း အပေါ် မှာသာ အဓိက အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

“အခုအချိန်မှာ အရေးကြီးဆုံးက ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး လက်ရွေးစင် အသင်းကို ကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကူညီပေးသွားဖို့ပါပဲ။ အချိန်တန်တဲ့ အခါကျရင်တော့ ဥရောပ ဘောလုံးလောကရဲ့ ထိပ်တန်း အဆင့်မှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကျွန်တော့် ကစားသမားဘဝ အတွက် အကောင်းဆုံး ရွေးချယ်မှုတွေကို စဉ်းစားသွားမှာပါ” လို့ လီယာအိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရာဖေးလ် လီယာအိုကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေကြသလို ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် တို့ကလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်