နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီယာအိုသာ သူ့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါလို့ ဆိုလိုက်တဲ့ မိုဒရစ် | စီးရီးအေ

စီးရီးအေ ထိပ်သီး အေစီမီလန်ရဲ့ တိုက်စစ် ကစားသမား ရာဖေးလ် လီယာအိုဟာ အသင်း ကနေ ထွက်ခွာပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေချင်နေချင်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသက် ၄၀ အရွယ် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ လီယာအိုကို ဆန်စီရို မှာပဲ ဆက်ရှိနေစေချင်နေပါတယ်။

မိုဒရစ်က လီယာအိုဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံ အတိုင်း ကစားနိုင်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်နေပြီး အခုလာမယ့် ရာသီမှာ မီလန်မှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေတာပါ။ 

“လီယို ကတော့ ဒီရာသီမှာ “စိန်ခေါ်မှုသစ်” တစ်ခုကို ရယူချင်တာကြောင့် အသင်း ကနေ ထွက်ခွာဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်ထိတော့ သူသွားချင်တဲ့ ကလပ် အသင်းသစ်ကို မတွေ့သေးပါဘူး။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ ဆန်စီရိုမှာပဲ နောက်ထပ် တစ်ရာသီ ဆက်ရှိနေနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး၊ နည်းပြ ရူဘင် အမော်ရင်ရဲ့ ရာသီကြို လေ့ကျင့်ရေး လူစာရင်းမှာ လီယို ပါဝင်လာမှု ကလည်း ဒီသတင်းတွေကို ပိုမို အားကောင်းစေခဲ့ပါတယ်။” လို့ မိုဒရစ်က ပြောပါတယ်။

အေစီမီလန်နဲ့ တစ်နှစ် စာချုပ်သက်တမ်းတိုးထားတဲ့ မိုဒရစ်ကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး လီယိုကို ဘာအကြံဉာဏ်ပေးချင်သလဲလို့ မေးမြန်းခဲ့ရာ မှာတော့ လာမယ့်ရာသီမှာ သူတို့နှစ်ဦး အတူတူ ဆက်လက် ကစားသွားခွင့် ရဖို့ပဲ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အေစီမီလန် ကတော့ စီးရီးအေ ရာသီသစ် မစတင်ခင် ချဲလ်ဆီး၊ မန်ယူနိုက်တက် တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။
အေစီမီလန် ကနေ ထွက်ခွာချင်ကြောင်း ပြောကြားထားတဲ့ လီယာအို

“သူ့ကို အကြံဉာဏ်တွေ မပေးချင်ပါဘူး” လို့ မော်ဒရစ်က La Gazzetta dello Sport ကို ပြောကြားခဲ့ပါတယ်။ “ရာဖာ က ဘာက မကောင်းဘူး၊ ဘာက ကောင်းတယ် ဆိုတာကို သိဖို့ လုံလောက်တဲ့ ရင့်ကျက်မှု ရှိပြီးသားပါ။ ပရိသတ်တွေနဲ့ ကလပ်အသင်းက သူ့ကို ဘယ်လောက်တောင် ချစ်ကြသလဲ ဆိုတာ သူ သိပါတယ်။ သူက ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပြီး သူ့လိုလူ ဒီမှာ ရှိနေတာက တကယ်ကို ကောင်းပါတယ်။ သူလုပ်ရမှာက အမြဲတမ်း လုပ်ခဲ့သလိုပဲ မီလန် အတွက် အစွမ်းကုန် ကြိုးစားပေးဖို့ပါပဲ။

“လွန်ခဲ့တဲ့ရာသီမှာ ဒဏ်ရာအနည်းငယ် ရခဲ့လို့ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး မရှိခဲ့တာကြောင့် အကောင်းဆုံး ရာသီတစ်ခု မဟုတ်ခဲ့ရင်တောင် သူဟာ ထိပ်တန်း ဘောလုံးသမား တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ကျွန်တော့် အမြင် ပြောရရင် သူသာ အသင်းမှာ ဆက်ရှိနေရင် ကျွန်တော်တို့ အားလုံး အတွက် တကယ်ကို အံ့ဩစရာ ကောင်းမှာပါ။ ဘာလို့လဲဆိုတော့ သူသာ သူ့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လို့ပါပဲ။”

“သူ အဆင်ပြေသွားပြီး အကောင်းဆုံး ပုံစံပြန်ရကာ ကျွန်တော် တို့နဲ့ အတူ အောင်မြင်တဲ့ ရာသီ တစ်ခု ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ထပ်ပြောရရင် သူက ထိပ်တန်း ကစားသမားပါ။ အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အကောင်းဆုံး နည်းလမ်း ကိုတော့ သူနဲ့ အသင်းပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးသမား တစ်ယောက် အနေနဲ့ ကတော့ ရာဖာကို ကျွန်တော့် အသင်းထဲမှာပဲ ရှိစေချင်ပါတယ်” လို့ မိုဒရစ်ခ်က ပြောပါတယ်။

စီးရီးအေ ပြိုင်ဘက် အင်တာမီလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ လီယိုဟာ ပွဲချိန် ၆၃ မိနစ်မှ လူစားဝင် ကစားခဲ့တာပါ။ သူ လူစားဝင်လာပြီးနောက် အသင်း အတွက် ပြိုင်ဘက် ဧရိယာ အတွင်း ဘောလုံး ဆွဲပြေး ဝင်ရောက်မှု ၉ ကြိမ်နဲ့ ဘောလုံး ပေးပို့မှု ၁၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းမှာ အများဆုံး စာရင်းဝင်ခဲ့ပါတယ်။ နည်းပြ အမော်ရင် ကတော့ အနာဂတ် မရေရာတဲ့ အခြေအနေရှိနေပေမယ့် လီယာအိုကို တခြားသူတွေနဲ့ ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့သလိုပါပဲ၊ မီလန် ကစားသမား ဖြစ်ခွင့်ရတာ ကံကောင်းတာမို့လို့ ဒီအခွင့်အရေးကို ပျော်ပျော်ရွှင်ရွှင် ခံစားရပါမယ်” လို့ အမော်ရင်က အင်တာမီလန်နဲ့ ပွဲအပြီး Sky Sport Italia ကို ပြောခဲ့ပါတယ်။ “သူလည်း ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် သူက အသင်းအတွက် ကစားပေးတဲ့ ကစားသမား တစ်ယောက်ပါ။ အသင်းကို ကူညီပေးခဲ့တာက တကယ်ကို အရေးပါပါတယ်။ လီယိုကိုလည်း ခရစ္စတိုဖာ အန်ကွန်ကူ၊ ဖရန်ချက်စကို ကာမာဒါ တို့လိုပဲ တန်းတူ အကဲဖြတ်ပါတယ်။ ကာမာဒါလည်း အရမ်း ကြိုးစားခဲ့ပါတယ်”

ဒီပွဲမှာ အင်တာမီလန် အတွက် ဒီမာကိုက ဦးဆောင်ဂိုး သွင်းယူခဲ့သလို၊ မီလန် အတွက်တော့ အန်ကွန်ကူက ပွဲပြီးခါနီး ပင်နယ်တီ ကနေ သရေကျအောင် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမား အများစု အနားယူပြီး အသင်းဆီ ပြန်လည် ပူးပေါင်းလာကြတာကြောင့် အမော်ရင်ရဲ့ အသင်းဟာ ပိုမို အင်အား တောင့်တင်းလာနေပြီး အသင်းရဲ့ တိုးတက်မှုတွေ ကိုလည်း ကျေနပ်နေပါတယ်။

“မရှုံးခဲ့တာက အရေးပါပေမယ့် အသင်း တစ်သင်းလုံး အနေနဲ့ ဆက်လက် တိုးတက်နေဖို့က ပိုအရေးကြီးပါတယ်” လို့ အမော်ရင်က ဆိုပါတယ်။ “ပွဲစစချင်းမှာ ပွဲကို အကောင်းဆုံး ထိန်းချုပ်ပြီး မြင့်မားတဲ့ ဖိအားပေးမှုတွေ လုပ်နိုင်ခဲ့ပေမယ့် အင်တာမီလန်က အတွေ့အကြုံ ရင့်ကျက်တာကြောင့် ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်း အပြီးနဲ့ ဒုတိယပိုင်း အစမှာ ကျွန်တော်တို့ အခက်အခဲ တချို့ ကြုံခဲ့ရပါတယ်။

“နောက်ဆုံး မိနစ် ၂၀ မှာတော့ တိုးတက်မှုတွေ မြင်ခဲ့ရပါတယ်။ ဒါက ကောင်းမွန်တဲ့ စမ်းသပ်မှု တစ်ခု ဖြစ်ခဲ့ပေမယ့် ကစားသမား အားလုံးကို စမ်းသပ်ဖို့ ပွဲစဉ်တွေ အများကြီး ပိုလိုအပ်ပါသေးတယ်။ ဆဲလ်တစ်နဲ့ ပွဲမှာလို စွန့်စားမှုမျိုးတွေ မလုပ်တော့ဘဲ နောက်တန်း ကနေ ဘောလုံး စတင် တည်ဆောက်ပြီး မြန်မြန်ဆန်ဆန် ရွှေ့လျားဖို့ ကြိုးစားနေတာကို တွေ့ရမှာပါ။ ကြံ့ခိုင်မှု အပိုင်း မှာလည်း ပိုပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ပါသေးတယ်” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

အေစီမီလန် ကတော့ စီးရီးအေ ရာသီသစ် မစတင်ခင် ချဲလ်ဆီး၊ မန်ယူနိုက်တက် တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်