နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂွါဒီယိုလာကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းမှုကို “ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု” အဖြစ် မရှုမြင်သင့်ကြောင်း အီတလီ အားကစား ဝန်ကြီးဆို | ကမ္ဘာ့ဖလား

ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးကို ၁၀ နှစ်ကြာ ထူးထူးခြားခြား အောင်မြင်စွာ ကိုင်တွယ်ခဲ့ပြီးနောက် အသင်း ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန် လူမျိုး နည်းပြကြီးက လစ်လပ်နေတဲ့ ကမ္ဘာ့ဖလား မကစားခဲ့ရတဲ့ အီတလီ အသင်းရဲ့ နည်းပြ ရာထူးနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အီတလီ လက်ရွေးစင် အသင်း အနေနဲ့ ပပ် ဂွါဒီယိုလာကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းမှုကို “ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု” အဖြစ် မရှုမြင်သင့်ကြောင်း အီတလီ အားကစားဝန်ကြီး အန်ဒရီယာ အာဘိုဒီက ပြောကြားလိုက်ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးမှာ ၁၀ နှစ်တာ အတွင်း ပရီးမီးယားလိဂ် ဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် စုစုပေါင်း ဆုဖလား အလုံး ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့ပြီး အောင်မြင်မှု အလီလီ ရယူပေးခဲ့ပြီးနောက် အသင်း ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် နည်းပြဟောင်း ဖြစ်တဲ့ ဂွါဒီယိုလာက ဘောလုံးလောက ကနေ ခေတ္တ အနားယူဖို့ ပြင်ဆင်နေပုံ ရပေမယ့်လည်း၊ တစ်ဖက် မှာတော့ အီတလီ အမျိုးသား လက်ရွေးစင် အသင်းကို ကိုင်တွယ်မယ့် နည်းပြသစ် အဖြစ် သတင်းကြီးနေပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နည်းပြ ဖြစ်သူ ဂန်နာရို ဂတ်တူဆို ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာကြောင့် နည်းပြသစ် တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အားကစားဝန်ကြီး အာဘိုဒီ ကတော့ ဂွါဒီယိုလာကို ခေါ်ယူနိုင်မယ့် ကိစ္စဟာ ဖြစ်နိုင်ခြေဘောင် အပြင်ဘက်မှာ ရှိနေတယ်လို့ မထင်ကြောင်း ဖွင့်ဟလာတာပါ။

ဒါကြောင့် ဂွါဒီယိုလာ အနေနဲ့ ကလပ် အောင်မြင်မှုတွေ ရယူအပြီးမှာ နိုင်ငံ အသင်းတွေနဲ့ အတူ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု ရယူဖို့ ကြိုးပမ်းသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နည်းပြ လောက ကနေ ခတ္တ အနားယူဖွယ် ရှိနေတဲ့ ပပ် ဂွါဒီယိုလာ

“ဂွါဒီယိုလာရဲ့ ဘဝဖြတ်သန်းမှု ခရီးစဉ်မှာ အီတလီနိုင်ငံက ဘယ်လောက် အထိ ပါဝင်ပတ်သက်နေလဲ ဆိုတာရယ်၊ သူ့ရဲ့ စိတ်ကူး ခံစားချက်တွေထဲမှာပါ အီတလီ အပေါ် ဘယ်လို သံယောဇဉ်ရှိလဲ ဆိုတာကို ထည့်သွင်း စဉ်းစားပြီး၊ သူကိုယ်တိုင် ကကော ဒီအခွင့်အရေးကို လက်ခံချင်ရဲ့လား ဆိုတာ ကျွန်တော်တို့ နားလည်အောင် ကြိုးစားရမှာပါ” လို့ အာဘိုဒီက Sky TG သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“သူဟာ ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေ ထဲက တစ်ယောက် ဖြစ်တာ အသေအချာပါပဲ၊ လုံးဝ မဖြစ်နိုင်တဲ့ အိပ်မက် တစ်ခုတော့ မဟုတ်ပါဘူး။ သူဟာ တကယ့်ကို အရေးပါပြီး ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ပေမယ့် လက်ရွေးစင် အသင်း နည်းပြ တစ်ယောက်ရဲ့ အလုပ် ကတော့ ကလပ် အသင်းနဲ့ မတူဘဲ ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကလပ် အသင်းတွေမှာ အထူးချွန်ဆုံး ဖြစ်ခဲ့တဲ့ နည်းဗျူဟာ ဆရာ တစ်ယောက်က အမျိုးသား အသင်း မှာပါ ထူးချွန်တဲ့ နည်းပြ ဖြစ်လာချင်စိတ် ရှိ၊ မရှိ ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပါ။”

“ဒါဟာ ဂွါဒီယိုလာ အနေနဲ့ အနှေးနဲ့အမြန် စိန်ခေါ်ချင်လာမယ့် အလုပ်မျိုးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ငွေကြေးနဲ့ မဆိုင်ပါဘူး၊ ရည်မှန်းချက်နဲ့ အိပ်မက်တွေ အပေါ်မှာပဲ မူတည်တာပါ” လို့ သူက ဆိုပါတယ်။

ဂွါဒီယိုလာဟာ အင်္ဂလန် အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲ သမိုင်းမှာ ၂၀၂၀-၂၁ ရာသီ ကနေ ၂၀၂၃-၂၄ ရာသီ အထိ ၄ နှစ် ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြ ဖြစ်သလို၊ ၂၀၁၇-၁၈ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အနည်းဆုံး ပွဲစဉ် ၂၀ နဲ့ အထက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေ ထဲမှာ ပွဲစဉ် တစ်ပွဲချင်းစီ အလိုက် ရမှတ် ရရှိမှု ပျမ်းမျှ အမြင့်ဆုံး စံချိန်ကို ၂.၂၈ မှတ်နဲ့ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာ အနေနဲ့ ကလပ် အောင်မြင်မှုတွေ ရယူအပြီးမှာ နိုင်ငံ အသင်းတွေနဲ့ အတူ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု ရယူဖို့ ကြိုးပမ်းသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်