နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်တဲ့ အဓိကကျတဲ့ ထိပ်တိုက်တွေ့ဆုံမှု (၄) ခု

၂၀၂၅-၂၀၂၆ ဘောလုံး ရာသီဟာ ကုန်ဆုံးဖို့ နီးကပ်လာခဲ့ပေမယ့် ဥရောပ ဘီလူးကြီး နှစ်ကောင်ရဲ့ အားပြိုင်ပွဲ တစ်ခု ကျန်ရှိနေပါသေးတယ်။ အဲဒါကတော့ လက်ရှိ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီနဲ့ မကြာသေးခင်ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားတဲ့ အာဆင်နယ် တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။

ဒီကနေ့ည ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့က Puskás Aréna ကွင်းကြီးမှာ ပီအက်စ်ဂျီက သူတို့ရဲ့ ချန်ပီယံ သရဖူကို ကာကွယ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး၊ အာဆင်နယ်ကတော့ သူတို့ရဲ့ ပထမဦးဆုံးသော ချန်ပီယံလိဂ် ဖလားကို အရယူဖို့ ဆာလောင်နေပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး အတွက် အရှုံးမခံနိုင်တဲ့ ပွဲကြီးပွဲကောင်း ဖြစ်လာဖို့ ရှိပြီး ပရိသတ်တွေ အတွက်လည်း လက်လွှတ်မခံသင့်တဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဒီပွဲဟာ မတူညီ ကွဲပြားခြားနားတဲ့ ကစားဟန်ချင်း၊ ဖီလိုဆိုဖီချင်း ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အဓိက ကတော့ လူးဝစ် အန်နရီကေးရဲ့ အတားအဆီးမဲ့ တိုက်စစ်ဆင်တဲ့ ဗျူဟာနဲ့ မီခဲလ် အာတေးတားရဲ့ ထိရောက်မှု ရှိပြီး အသားကျနေတဲ့ ခံစစ် အသားပေး ဗျူဟာတို့ ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် စပိန်သား နည်းပြ နှစ်ယောက်ရဲ့ နည်းစနစ်တွေ အပြင်၊ ဥရောပရဲ့ အကြီးကျယ်ဆုံး ပွဲစဉ်ကို အဆုံးအဖြတ်ပေးသွားမယ့် ကစားသမား တစ်ဦးချင်းစီရဲ့ ပြင်းထန်တဲ့ အားပြိုင်မှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ဟန်ဂေရီမြေမှာ စောင့်ကြည့်ရမယ့် အဓိကကျတဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှု ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ နူနို မန်းဒက်စ်နဲ့ ဘူကာယို ဆာကာ 

အမြန်နှုန်း ကောင်းမွန်တဲ့ ထိပ်တန်း အပြေးသမား နှစ်ယောက်ဟာ လာမယ့် စနေနေ့မှာ ကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ထိပ်တိုက်ရင်ဆိုင်ကြတော့မှာပါ။ ပီအက်စ်ဂျီရဲ့ နူနို မန်းဒက်စ်ဟာ ဘူဒါပက်စ်မြေမှာ အာဆင်နယ်ရဲ့ လျှပ်စီးသဖွယ် တိုက်စစ်မှူး ဘူကာယို ဆာကာကို ထိန်းချုပ်ရမယ့် အခက်ခဲဆုံး တာဝန်ကို ရရှိထားပါတယ်။ ဒီ စူပါစတား နှစ်ယောက်ရဲ့ တိုက်ပွဲ ကတော့ အပြန်အလှန် အကြိတ်အနယ် ရှိနေမှာ သေချာပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် ဒီပွဲရဲ့ အနိုင်ရသူဟာ အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်လာပါလိမ့်မယ်။

မန်းဒက်စ်ရဲ့ အဓိက တာဝန် ကတော့ အာဆင်နယ်ရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ် စတင်ရာ ဖြစ်တဲ့ ဘူကာယို ဆာကာကို လူကပ် ပိတ်ဆို့ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မန်းဒက်စ် ကိုယ်တိုင် ကလည်း ဘယ်တောင်ပံကနေ တရစပ် လိုက်ပါ တိုက်စစ်ဆင်တတ်သူ ဖြစ်တာကြောင့် ဘယ်လို နောက်ခံလူမျိုး အတွက်မဆို ရင်ဆိုင်ရ ခက်ခဲပြီး ဥရောပချန်ပီယံ ပီအက်စ်ဂျီ အတွက်တော့ တကယ့်ကို အရေးပါတဲ့ တိုက်စစ် လက်နက် တစ်ခု ဖြစ်ပါတယ်။

ဆာကာ အနေနဲ့ ခံစစ် ဆင်းကူမလား၊ ဒါမှမဟုတ် မန်းဒက်စ် တိုက်စစ် မလိုက်ရဲအောင် ရှေ့တန်းမှာပဲ အသားကုန် ဖိအားပေးမလား ဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ ဒါ့အပြင် ခွာဗရတ်စခီလီယာပါ အဲဒီဘက်ခြမ်းမှာ ပူးပေါင်းလာမှာ ဖြစ်လို့ ဘယ်တောင်ပံ တိုက်စစ်ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ အားပြိုင်မှု ဖြစ်လာမှာပါ။

 

၂။ ဗစ်တင်ညာနဲ့ ဒီကလန် ရိုက်စ် 

ပီအက်စ်ဂျီရဲ့ ထူးခြားပြောင်မြောက်တဲ့ ရှေ့တန်း တိုက်စစ် ၃ ယောက်က သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာ ယူနေပေမဲ့၊ အန်နရီကေးရဲ့ တိုက်စစ်မှူးတွေ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ဖို့ အတွက် အခြေခံအုတ်မြစ် ချပေးထားတာ ကတော့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။ ဖာဘီယန် ရူအစ်ဇ်နဲ့ ယာအို နီးဗက်စ် တို့က ကွင်းလယ်မှာ ကြံ့ခိုင်မှုနဲ့ အနုပညာဆန်မှုကို ပေါင်းစပ်ပေးထားပြီး၊ ဗစ်တင်ညာ ကတော့ တစ်သင်းလုံးရဲ့ ကစားကွက်ကို ထိန်းချုပ် မောင်းနှင်ပေးသူ ဖြစ်ပါတယ်။

ပွဲအရှိန်အဟုန်ကို အတက်အကျ လုပ်ပေးနိုင်တဲ့ ဗစ်တင်ညာရဲ့ အမြော်အမြင်နဲ့ တည်ငြိမ်မှုဟာ ပွတ်ရှ်ကတ်စ် အရီနာမှာ အလွန်အရေးပါလိမ့်မယ် ဆိုတာ အထွေအထူး ပြောနေစရာ မလိုပါဘူး။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ကစားကွက်ကို ဘယ်အချိန်မှာ နှေးရမလဲ၊ ဘယ်အချိန်မှာ မြန်မြန်ဆန်ဆန် ခွဲထုတ်ရမလဲ ဆိုတာကို အတိအကျ သိပြီး သူ့ရဲ့ အလွန်တရာ တိကျတဲ့ ဘောလုံးပေးပို့မှုတွေက အသင်းရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားပြီးတိုင်းမှာ ‘ခွာဗရာဒိုနာ’ဆိုတဲ့ အမည်ပြောင်ဟာ သူ့အတွက် ပိုပြီးတော့တောင် ထိုက်တန်လာပါတယ်။
ချန်ပီယံသရဖူကို ဆက်ထိန်းရမယ့် ပီအက်စ်ဂျီ၊ ပထမဦးဆုံး ချန်ပီယံဆုကို ရယူဖို့ အသင့် ဖြစ်နေတဲ့ အာဆင်နယ်

ဒီကလန် ရိုက်စ် ကတော့ ကွင်းလယ်မှာ မမောနိုင်မပန်းနိုင် ရုန်းကန် လှုပ်ရှားတတ်တဲ့ ပုံစံမျိုးမို့ ဗီတင်ညာနဲ့ လုံးဝ ကွဲပြားပါတယ်။ အင်္ဂလန် ကွင်းလယ်လူဟာ အဆုတ် ၂ လုံး ရှိသူလို့တောင် တင်စားခံထားရပြီး ကြောက်ခမန်းလိလိ အရှိန်အဟုန်နဲ့ ကစားတတ်သလို သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို ကွင်းတစ်ခုလုံး အနှံ့ ပြေးလွှားနိုင်တဲ့ မောပန်းခြင်း မရှိတဲ့ လုပ်အားနှုန်းက ဖုံးလွှမ်းထားပါတယ်။ သူကတော့ တစ်ပွဲလုံး အမြဲတမ်း တက်ကြွလှုပ်ရှားနေမယ့်သူပါ။

ပီအက်စ်ဂျီက အရင် ဥရောပ ပွဲစဉ်တွေလို ပွင့်ပွင့်လင်းလင်း တိုက်စစ်ဆင်မှာ မဟုတ်တာကြောင့် ကွင်းလယ် တိုက်ပွဲကို အနိုင်ရဖို့က အလွန် အရေးကြီးပါတယ်။ ရိုက်စ်ရဲ့ မမောနိုင်တဲ့ ကြံ့ခိုင်မှု၊ ဖျက်ထုတ်မှု ပြင်းထန်မှုနဲ့ ကွင်းလယ် ကနေ တိုက်စစ်ဆီ ချိုးဖောက် ဝင်ရောက်နိုင်မှုတွေဟာ အာဆင်နယ် ကွင်းလယ်က ပီအက်စ်ဂျီရဲ့ လွှမ်းမိုးခြင်းမခံရအောင် တားဆီးဖို့ အတွက် အဓိက သော့ချက် ဖြစ်ပါတယ်။

 

၃။ ခါဗစ်ချာ ခွာဗရတ်စခီလီယာနဲ့ ဂျူရီယန် တင်ဘာ 

ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားပြီးတိုင်းမှာ ‘ခွာဗရာဒိုနာ’ဆိုတဲ့ အမည်ပြောင်ဟာ သူ့အတွက် ပိုပြီးတော့တောင် ထိုက်တန်လာပါတယ်။ နာပိုလီမှာ ကစားစဉ်ကတည်းက ရရှိခဲ့တဲ့ ဒီအမည်နဲ့ အညီ ပီအက်စ်ဂျီရဲ့ ဂျော်ဂျီယာ တောင်ပံ ကစားသမားဟာ ပြင်သစ်မြေမှာ မျှော်လင့်ချက်တွေကို ပြည့်မီအောင် စွမ်းဆောင်နေပြီး၊ အထူးသဖြင့် အခုနှစ် ဥရောပ စင်မြင့်မှာ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မကြာသေးခင်က ဘေယန်မြူးနစ် တို့ကို ဒုက္ခပေးရင်း သူ့ရဲ့ ခြေစွမ်းကို ပြသထားပါတယ်။

ခွာဗရတ်စခီလီယာဟာ ပြီးခဲ့တဲ့ရာသီက ဖလားရစဉ်တုန်းက တားဆီးရ ခက်ခဲခဲ့သလို၊ အခု ပီအက်စ်ဂျီရဲ့ နောက်တစ်ကြိမ် ဖလား ကာကွယ်ရေး ခရီးစဉ် မှာလည်း အလားတူ ခြေစွမ်းပြနေပါတယ်။ လျင်မြန်တဲ့ လှည့်ထွက်မှုတွေ၊ ပြင်းထန်တဲ့ ရုန်းအားတွေနဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့် သူဟာ ဘယ်တောင်ပံရဲ့ ပြည့်စုံလွန်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး၊ ဒါဟာ ညာနောက်ခံလူ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့နေရတဲ့ အာဆင်နယ် အတွက် အခက်အခဲကြီး ဖြစ်လာနိုင်ပါတယ်။

ဂျူရီယန် တင်ဘာ ကတော့ ဒဏ်ရာကြောင့် (၃) လနီးပါး အနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာကြောင့် အခု ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖို့ “ မျှော်လင့်တယ်” လို့ ပြောကြားထားပါတယ်။ အာဆင်နယ် အနေနဲ့ သူ့ရဲ့ အရည်အသွေးကို ခံစစ်မှာ လိုအပ်နေပေမယ့် ဒဏ်ရာက ပြန်လာခါစမှာ ခွာဗရတ်စခီလီယာကို ထိန်းချုပ်ရမှာ ကတော့ တကယ့်ကို မလွယ်ကူတဲ့ တာဝန် တစ်ခု ဖြစ်ပါတယ်။

ညာနောက်ခံလူ ဘန် ဝှိုက် ကတော့ ဗိုလ်လုပွဲကို လွဲချော်မှာ သေချာနေပြီး အကယ်၍ တင်ဘာသာ အဆင်မသင့်ရင် လူငယ် ကစားသမား ခရစ္စသီယန် မော့စ်ကွဲယားကို ညာနောက်ခံလူ အဖြစ် သုံးရပါလိမ့်မယ်။ စပိန် လူငယ်လေးဟာ အခုနှစ် ရာသီ အစမှာ ခြေစွမ်းပြခဲ့ပေမဲ့ ခွာဗရတ်စခီလီယာနဲ့ ရင်ဆိုင်ရမှာ ကတော့ ပီအက်စ်ဂျီ ဘက်က အသာစီးရယူဖို့ ပစ်မှတ်ထားမယ့် အားနည်းချက် တစ်ခု ဖြစ်သွားနိုင်ပါတယ်။

 

၄။ အူစမန်နီ ဒမ်ဘီလီနဲ့ ဝီလီယမ် ဆလီဘာ 

အာဆင်နယ်ရဲ့ အံ့အားသင့်ဖွယ် ရာသီခရီးစဉ်ဟာ ခိုင်မာတဲ့ ခံစစ် အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာပါ။ အာတေးတား အတွက်တော့ ခံစစ် စနစ်တကျရှိမှုက အဓိက ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ် အတွဲအဖက် ဖြစ်တဲ့ ဝီလီယမ် ဆလီဘာ နဲ့ ဂါဘရီရယ် တို့ကို အားကိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်ရာသီမှာ ဆလီဘာဟာ တစ်ခါတစ်ရံ အမှားအယွင်း တချို့ ရှိခဲ့တာကြောင့် ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ရဲ့ အရိပ်အောက်မှာ အနည်းငယ် မှေးမှိန်ခဲ့ပါတယ်။

တစ်ခါတစ်ရံ အမှားလေးတွေ ရှိခဲ့ပေမယ့် ဆလီဘာဟာ အခုထက်ထိတော့ ဖြတ်ကျော်ရ ခက်ခဲတဲ့ ခံစစ် တံတိုင်းကြီး အဖြစ် ရှိနေဆဲပါ။ သူ့ရဲ့ မြန်ဆန်တဲ့ ဖျက်ထုတ်မှုတွေက နောက်ကွယ်က ကွက်လပ်တွေကို ပိတ်ဆို့ပေးနိုင်ပြီး၊ ဉာဏ်ပညာနဲ့ ကြံ့ခိုင်မှု ပေါင်းစပ်ထားတာကြောင့် ပြိုင်ဘက် တိုက်စစ်မှူးတွေ လှည့်စားဖို့ ဒါမှမဟုတ် ခွန်အားချင်း ယှဉ်ပြိုင်ဖို့ ခက်ခဲပါတယ်။

ဒါပေမယ့်လည်း ဆလီဘာဟာ အခုနှစ် ရာသီမှာ သူ့ရဲ့ ပြင်သစ် အသင်းဖော် အူစမန် ဒီယမ်ဘီလီ ထက် ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရဖို့ မရှိသလောက်ပါပဲ။ ဘယ်လွန်ဒေါဆုရှင် ဖြစ်တဲ့ ဒမ်ဘီလီဟာ အခုနှစ် အတွင်း ခြေစွမ်း အနည်းငယ် ကျဆင်းခဲ့ဖူးပေမယ့်၊ အခု နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၃) ပွဲမှာ (၅) ဂိုး အထိ သွင်းယူပြီး အချိန်ကိုက် ခြေစွမ်းပြန်တက်လာခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ False Nine နေရာမှာ ကစားမယ့် ဒမ်ဘီလီဟာ ဆလီဘာကို သူ မသွားချင်တဲ့ နေရာတွေ အထိ ဆွဲထုတ်သွားမှာ ဖြစ်ပြီး၊ အဲဒီကတစ်ဆင့် ကျန်တဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ခွာဗရတ်စခီလီယာနဲ့ ဒီဆီရီ ဒူယေးတို့ အတွက် ကွက်လပ်တွေ ဖြစ်ပေါ်စေမှာပါ။ အခွင့်အရေး ရလာတဲ့အခါ မှာလည်း ဒမ်ဘီလီဟာ နည်းပြ အန်နရီကေးရဲ့ လက်အောက်မှာ ပိုမိုထက်မြက်လာတဲ့ သူ့ရဲ့ အဆုံးသတ် သေချာမှုကို ပြသသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်