နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပီအက်စ်ဂျီရဲ့ ပဲ့ကိုင်ရှင် သို့မဟုတ် ကြီးမားတဲ့ ဂုဏ်သိက္ခာတွေ သယ်ဆောင်လာပေးသူ လူးဝစ္စ အန်နရီကေး | ချန်ပီယံလိဂ်

အာဆင် ဘူဒါပက်စ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူးဝစ် အန်နရီကေးရဲ့ ပီအက်စ်ဂျီဟာ အာဆင်နယ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်နိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။

ကိုင် ဟာဗက်ဇ်ရဲ့ အစောပိုင်း သွင်းဂိုးကြောင့် အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း၊ ဒုတိယပိုင်း ပွဲချိန် အလယ်မှာ အူစမန် ဒမ်ဘီလီက ပင်နယ်တီကနေ တစ်ဆင့် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာကြောင့် အချိန်ပို အထိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး၊ နောက်ဆုံး မှာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပင်နယ်တီ အဆုံးအဖြတ်မှာ ပီအက်စ်ဂျီက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲတုန်းက အင်တာမီလန်ကို ၅-၀ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူခဲ့တဲ့ ပါရီ ကလပ်ဟာ၊ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ ရီးရဲလ်မက်ဒရစ် အသင်း ၃ ကြိမ် ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ပိုင်း ချန်ပီယံလိဂ် ခေတ်သစ် သမိုင်းမှာ ဖလားကို ဆက်တိုက် ကာကွယ်နိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် မှာတော့ အသင်း တစ်သင်းက ချန်ပီယံဆုကို နှစ်နှစ် ဆက်တိုက် (သို့မဟုတ်) ဒီထက်မက ဆွတ်ခူးနိုင်ခဲ့တာ ဒါဟာ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။

ပီအက်စ်ဂျီက အရင်နှစ်တွေတုန်းက ကီလီယန် အမ်ဘာပေး၊ လီယွန်နယ် မက်ဆီ နဲ့ နေမာ တို့လို ကမ္ဘာ့အဆင့် အကောင်းဆုံး တစ်ဦးချင်း ကြယ်ပွင့် ကစားသမားတွေကို ရှေ့တန်းတင်ပြီး ဥရောပ အောင်မြင်မှုရဖို့ ငွေအား၊ လူအားနဲ့ အတင်းအဓမ္မ ကြိုးစားခဲ့ရတာပါ။ ဒါပေမယ့် အခု အောင်ပွဲ ကတော့ ပီအက်စ်ဂျီရဲ့ အောင်မြင်မှုဟာ တစ်ဦးချင်း စွမ်းဆောင်ရည်ထက် အသင်းရဲ့ စုစည်းမှု စွမ်းအားပေါ်မှာပဲ အခြေခံ တည်ဆောက်ထားတာ ဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို အသွင်ကူးပြောင်းမှုရဲ့ နောက်ကွယ်က အဓိက ပဲ့ကိုင်ရှင် ကတော့ နည်းပြ လူးဝစ် အန်နရီကေးပဲ ဖြစ်ပါတယ်။ ဒီစပိန် လူမျိုး နည်းပြဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ရှုံးပွဲ မရှိသေးတဲ့ သူ့ရဲ့ စံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ တုန်းက ဘာစီလိုနာကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အခု ပီအက်စ်ဂျီကို နှစ်နှစ် ဆက်တိုက် ဖလားရအောင် လမ်းပြပေးခဲ့တာကြောင့် သူကိုင်တွယ်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ်စလုံးမှာ ရာနှုန်းပြည့် အနိုင်ရရှိသူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ် ၅၀ အထက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ လူးဝစ် အန်နရီကေးရဲ့ နိုင်ပွဲ ရရှိမှု ရာခိုင်နှုန်း (၆၃.၂ ရာခိုင်နှုန်း) ဟာ ထိပ်ဆုံးမှာ သီးသန့် ရပ်တည်နေပါတယ်။

 

ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အနိုင်ရရှိမှု ရာခိုင်နှုန်း အကောင်းဆုံး နည်းပြများ

ဒီစပိန် လူမျိုး နည်းပြဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ရှုံးပွဲ မရှိသေးတဲ့ သူ့ရဲ့ စံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ရဲ့ ဂန္တဝင် တစ်ဦး ဖြစ်လာခဲ့တဲ့ လူးဝစ္စ အန်နရီကေး

• လူးဝစ် အန်နရီကေး – ၆၃.၃ ရာခိုင်နှုန်း (ပွဲ ၇၉ ပွဲမှာ ၅၀ ပွဲနိုင်)

• ပပ် ဂွါဒီယိုလာ – ၆၁.၃ ရာခိုင်နှုန်း (ပွဲ ၁၉၁ ပွဲမှာ ၁၁၇ ပွဲနိုင်)

• လူးဝစ် ဗန်ဟားလ် – ၆၀.၀ ရာခိုင်နှုန်း (ပွဲ ၉၅ ပွဲမှာ ၅၇ ပွဲနိုင်)

• သောမတ်စ် တူချယ် – ၅၉.၇ ရာခိုင်နှုန်း (ပွဲ ၆၇ ပွဲမှာ ၄၀ ပွဲနိုင်)

• ဇနက်ဒင် ဇီဒန်း – ၅၈.၅ ရာခိုင်နှုန်း (ပွဲ ၅၃ ပွဲတွင် ၃၁ ပွဲနိုင်)

ပီအက်စ်ဂျီတို့ ဘယ်လိုပုံစံနဲ့ အောင်ပွဲခံခဲ့လဲ ဆိုတာ ကတော့ ငြင်းခုံစရာ မရှိပါဘူး။ အာဆင်နယ် အသင်းရဲ့ ကျစ်လျစ်လွန်းတဲ့ ခံစစ်ကြောင့် သူတို့ရဲ့အကောင်းဆုံး တိုက်စစ် ကစားဟန်ကို အပြည့်အဝ မပြသနိုင်ခဲ့ပေမဲ့လည်း အသင်းအတွက် လိုအပ်တဲ့ ဂိုးကိုတော့ ရအောင် သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီ သွင်းဂိုးကြောင့် သူတို့ဟာ အခု ၂၀၂၅-၂၆ ချန်ပီယံလိဂ် ရာသီမှာ စုစုပေါင်း ၄၅ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး၊ ဒါဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးအများဆုံး စံချိန်ကို လိုက်မှီသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဂိုးအများကြီး သွင်းယူနိုင်ခဲ့တာဟာ ပြိုင်ပွဲပုံစံသစ်ကြောင့် ပွဲအရေအတွက် ပိုမို ကစားခဲ့ရတာ ကလည်း အထောက်အကူပြုခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လိဂ်အဆင့်မှာတုန်းက ထိပ်ဆုံး အဆင့် ၈ သင်း အတွင်း မဝင်ခဲ့တာကြောင့် ရှုံးထွက်ဆင့်မှာ မိုနာကို အသင်းနဲ့ ထပ်တိုး ၂ ပွဲ ကစားခဲ့ရပြီး ဂိုးတွေ ထပ်သွင်းဖို့ အခွင့်အရေး ပိုရခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ တိုက်စစ် ဗဟိုချက် မှာတော့ ခွာဗရတ်စခီလီယာ ရှိနေခဲ့ပါတယ်။ သူဟာ ဘူဒါပက်စ်က ဗိုလ်လုပွဲ ညမှာ အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့ပေမဲ့လည်း အသင်း အတွက် အဖိုးတန် ချေပဂိုး ရရှိစေမယ့် ပင်နယ်တီ ကိုတော့ ရှာဖွေပေးနိုင်ခဲ့သလို၊ ပီအက်စ်ဂျီ ဗိုလ်လုပွဲတက်လှမ်းနိုင်မယ့် ခရီးစဉ် တစ်လျှောက်လုံး မှာလည်း အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

အထူးသဖြင့် ဆီမီးဖိုင်နယ်တုန်းက ဘေယန်မြူးနစ်နဲ့ ပွဲမှာ သူဟာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပထမအကျော့မှာ ၂ ဂိုး သွင်းယူပေးခဲ့သလို၊ ဒုတိယအကျော့ မှာလည်း အစောပိုင်းမှာတင် ဒမ်ဘီလီ အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် သူဟာ အခုရာသီ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပွဲစဉ်တွေမှာတင် ဂိုးပါဝင် ပတ်သက်မှု ၁၀ ကြိမ် အထိ ရှိခဲ့ပြီး၊ သမိုင်းတစ်လျှောက် အများဆုံး စံချိန်ထက် ၁ ကြိမ်သာ လိုပါတော့တယ်။

ဘူဒါပက်စ်မှာ ရရှိခဲ့တဲ့ အခု နိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိစံချိန် (၁၀ ပွဲနိုင်၊ ၂ ပွဲသရေ) ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ရှုံးထွက် အဆင့်မှာ ပီအက်စ်ဂျီကို နောက်ဆုံး အနိုင်ရခဲ့တဲ့ အသင်းက အက်စတွန်ဗီလာ ဖြစ်ပြီး၊ ၂၀၂၄-၂၅ ရာသီ ကွာတားဖိုင်နယ်တုန်းက ဗီလာပါ့ခ်မှာ ၃-၂ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ပီအက်စ်ဂျီ ကပဲ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီတွေ အတွင်းမှာ အင်္ဂလန် ကလပ်တွေကို ကျော်ဖြတ်နိုင်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် ကတော့ တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ လူးဝစ် အန်နရီကေး အသင်းဟာ ပရီးမီးယားလိဂ် အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ရှုံးထွက် ၆ ကြိမ်စလုံးမှာ ရာနှုန်းပြည့် အနိုင်ရ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပါရီ ကလပ်ကို ပြိုင်ပွဲကနေ နောက်ဆုံး ဖယ်ရှားနိုင်ခဲ့တဲ့ အင်္ဂလန် ကလပ် ကတော့ လွန်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီ ဆီမီးဖိုင်နယ်တုန်းက မန်ချက်စတာစီးတီး ဖြစ်ပါတယ်။

Opta Power Rankings အချက်အလက်တွေအရ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အင်အား အကောင်းဆုံးလိဂ် အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပေမယ့်လည်း၊ ပီအက်စ်ဂျ်ရဲ့ ဥရောပ ချန်ပီယံဆုကို နှစ်နှစ် ဆက်တိုက် ဆွတ်ခူးနိုင်မှု ကတော့ သူတို့ကို ဥရောပ ဘောလုံးလောကရဲ့ စံပြ အသင်းကြီး တစ်သင်း ဖြစ်လာစေခဲ့တာ ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်