နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီကြို ခြေစမ်းပွဲမှာ ပီအက်စ်ဂျီ ဂိုးပြတ်ရှုံးခဲ့ပေမယ့် မတုန်လှုပ်တဲ့ နည်းပြ လူးဝစ် အန်နရီကေး

ဥရောပချန်ပီယံ နှစ်ကြိမ်ဆက် ဖြစ်ထားတဲ့ ပီအက်စ်ဂျီ အသင်းဟာ ရာသီကြို ပထမဆုံး ခြေစမ်းပွဲမှာ မာယော့ကာကို ၃ ဂိုး ဂိုး မရှိနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လီဂူးဝမ်း ထိပ်သီး ကလပ်ရဲ့ နည်းပြ ဖြစ်သူ လူးဝစ် အန်နရီကေး ကတော့ ဒီရလဒ်အပေါ် သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိပါဘူး။

ဒီရာသီမှာ ဘယ်ပြိုင်ဘက်မဆို ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို ရင်ဆိုင်ရရင် အစွမ်းကုန် ကြိုးစား ကစားကြမှာ ဖြစ်တာကြောင့် အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပေါ် စိတ်ပျက်မနေဘူးလို့ လူးဝစ် အန်နရီကေးက ငြင်းဆိုလိုက်တာပါ။ ပီအက်စ်ဂျီရဲ့ ရာသီကြို ပြင်ဆင်မှုတွေဟာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လာလီဂါ ကနေ တန်းဆင်းသွားခဲ့ရတဲ့ မာယော့ကာ အသင်းကို ၃-၀ နဲ့ အရေးနိမ့်ကာ အစမလှဖြစ်ခဲ့ရပါတယ်။

ဒီခြေစမ်းပွဲမှာ မာယော့ကာ အတွက် ဂိုးတွေကို ဇီတိုလူဗွန်ဘို၊ ဂျန်ဗာဂျီလီနဲ့ အန်တိုနီယို ရိုင်လို တို့က သွင်းယူပေးခဲ့ကြတာပါ။ မာယော့ကာဟာ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်နဲ့ မျှော်မှန်းဂိုး (xG) ၁.၈၁ အထိ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၈ ကြိမ်၊ မျှော်မှန်းဂိုး ၀.၄၂ သာ ရှိခဲ့တဲ့ ပီအက်စ်ဂျီကို ထိုက်ထိုက်တန်တန်ပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဥရောပ ချန်ပီယံ ပီအက်စ်ဂျီဟာ အတွေ့အကြုံ နည်းပါးတဲ့ လူငယ်ကစားသမား အများစု ကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပြီး ခါဗာရတ်စခီလီယာ တစ်ယောက်တည်းသာ ပုံမှန်ပွဲထွက် အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့တာပါ။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖေဘီယန် ရူအဇ်၊ ဒမ်ဘီလီ၊ ဘာကိုလာ၊ လူးကပ်စ် ဟာနန်ဒက်ဇ်နဲ့ ဟာကီမီ တို့လို အဓိက ကစားသမား အများအပြားဟာ အသင်းဆီ ပြန်လည် မပူးပေါင်းနိုင်သေးပါဘူး။ ရလဒ် ကတော့ လိုချင်သလို ဖြစ်မလာခဲ့ပေမယ့်လည်း အသင်းရဲ့ လူငယ် ကစားသမား တချို့ အဖိုးတန် ကစားချိန်တွေ ရရှိခဲ့တာ ကိုတော့ လူးဝစ် အန်နရီကေးက သဘောကျခဲ့ပါတယ်။

ဒီခြေစမ်းပွဲမှာ မာယော့ကာ အတွက် ဂိုးတွေကို ဇီတိုလူဗွန်ဘို၊ ဂျန်ဗာဂျီလီနဲ့ အန်တိုနီယို ရိုင်လို တို့က သွင်းယူပေးခဲ့ကြတာပါ။
လူပြန်စုံရင် ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာမယ်လို့ ပြောဆိုလိုက်တဲ့ လူးဝစ္စ အန်နရီကေး

“တိကျတဲ့ သုံးသပ်ချက်တစ်ခု ပေးဖို့တော့ ခက်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ စိတ်ဝင်စားဖို့ ကောင်းအောင် ကစားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ဒုတိယဂိုးမှာ အမှားတစ်ခု လုပ်မိသွားခဲ့ပြီး အဲဒီ နောက်ပိုင်းတော့ ခက်ခဲသွားခဲ့တာပါ။ ဒါပေမယ့် မြင်တွေ့ခဲ့ရတာတွေ ကိုတော့ ကျွန်တော် သဘောကျပါတယ်။ အကယ်ဒမီ လူငယ်အများအပြား အတော်လေး ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ကြတာ တွေ့ရတယ်” လို့ ပီအက်စ်ဂျီ ဝဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

“ဒီပွဲရဲ့ ရည်ရွယ်ချက်က ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ပါပဲ။ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်မျိုး မဟုတ်ပေမယ့် ဒါဟာ ဘောလုံးရဲ့ သဘော သဘာဝပါပဲ။ ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ ကစားရတဲ့အခါ ပြိုင်ဘက်တိုင်း အတွက် အစွမ်းကုန် ကြိုးစားချင်စိတ်တွေ မြင့်တက်လာတတ်တာ သဘာဝပါပဲ။”

“ဒါဟာ ရာသီကြို ပြင်ဆင်မှုရဲ့ ပထမဆုံး သီတင်းပတ်ပဲ ရှိသေးသလို အသင်းမှာလည်း အကယ်ဒမီ လူငယ်ကစားသမား အများကြီး ပါဝင်နေပါတယ်။ သူတို့ဟာ အလွန် ငယ်ရွယ်တဲ့ ကစားသမားတွေ ဖြစ်ပြီး သူတို့ရဲ့ အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်း ကိုတော့ ကျွန်တော် ချီးကျူးရမှာပါ။ နောက် ၃ ရက်နေရင် နောက်ထပ် ခြေစမ်းပွဲ တစ်ပွဲ ကစားရဦးမှာပါ။ ဒါဟာ ဖြစ်တတ်တဲ့ သဘောပါပဲ၊ အသင်းရဲ့ လက်ရွေးစင် ကစားသမားတွေ ပြန်လာမှပဲ ကျွန်တော်တို့ အသင်းရဲ့ ပုံစံအမှန်ကို အပြည့်အဝ မြင်တွေ့ရတော့မှာပါ” လို့ အန်နရီကေးက ဆက်လက် ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ စနေနေ့မှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အက်စတွန်ဗီလာနဲ့ ကစားမယ့် ယူအီးအက်ဖ်အေ စူပါဖလားပွဲနဲ့ လန်းစ် အသင်းနဲ့ ကစားမယ့် ပြင်သစ် စူပါဖလား (Trophee des Champions) ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်